Trending Now

ယူကရိန်းက ပိုလန်၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့ကို စပါးတင်သွင်းခွင့် ပိတ်ပင်မှုနဲ့ တရားစွဲ

Spread the love

ယူကရိန်းက ပိုလန်၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့ကို စပါးတင်သွင်းခွင့် ပိတ်ပင်မှုနဲ့ တရားစွဲ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

ယူကရိန်းနိုင်ငံက စပါးတင်သွင်းမှု တားမြစ်ချက်ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပိုလန်၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားစွဲမယ်လို့ ယူကရိန်းက ပြောပါတယ်။

“ဒီလုပ်ရပ်တွေဟာ တရားဥပဒေနဲ့အညီ မှားယွင်းကြောင်း သက်သေပြဖို့ အရေးကြီးတယ်။ ဒါကြောင့် တရားဥပဒေအရ အရေးယူမှုတွေ စတင်မှာပါ” လို့ ယူကရိန်းကုန်သွယ်ရေး ကိုယ်စားလှယ်နှင့် စီးပွားရေးလက်ထောက်ဝန်ကြီး Taras Kachka က ပြောကြားခဲ့ပါတယ်။

ဥရောပကော်မရှင်က ကန့်သတ်ချက်တွေကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် ပိုလန်၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့က ယူကရိန်းစပါးအပေါ် တစ်ဖက်သတ် ပိတ်ပင်ထားမှုဟာ စနစ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေတယ်လို့ Kachka ကပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ငါးနိုင်ငံမှာ ယူကရိန်းလယ်ယာထွက်ကုန်တွေ ပိတ်ဆို့အရေးယူမှုကို သက်တမ်းတိုးခြင်းမပြုဖို့ ဥရောပကော်မရှင်က ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ပိုလန်၊ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့က ဆန့်ကျင်ခဲ့ပြီး တားမြစ်ချက်ကို ရုတ်သိမ်းဖို့ ငြင်းဆိုခဲ့တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။