Trending Now

နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ သီရီလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ သီရိလင်္ကာ ကို ပြန်လည်ရောက်ရှိ

Spread the love

နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ သီရီလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ သီရိလင်္ကာ ကို ပြန်လည်ရောက်ရှိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃

စီးပွားရေး ပြိုလဲသွားတဲ့ သီရိင်္လကာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သမ္မတဟောင်း ရာဂျာပက်ဆာဟာ စက်တင်ဘာ ၂ ရက်နေ့က နိုင်ငံကို ပြန်လည်ရောက်ရှိလာတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သမ္မတဟောင်း ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ နိုင်ငံရပ်ခြားကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပြီး ပြည်ပကနေပဲ သမ္မတရာထူးကနေ နုတ်ထွက်ပေးလိုက်ရပါတယ်။

ရာဂျာပက်ဆာဟာ စင်ကာပူကနေတစ်ဆင့် ထိုင်းနိုင်ငံမှာ ယာယီဗီဇာနဲ့ ခဏခိုလုံနေခဲ့ပြီးနောက် စင်ကာပူ ကနေ တဆင့် သီရိလင်္ကာကို လေကြောင်းခရီးနဲ့ ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သမ္မတ ဝက်ခရီမက်ဆင်းက အစိုးရအဖွဲ့သစ်ကို ဦးဆောင်နေပြီး သူ့ကိုလည်း သမ္မတဟောင်း ရာဂျာပက်ဆာလိုပဲ လူထုက မကြေမနပ်ဖြစ်နေတဲ့အတွက် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။

မစ္စတာ ရာဂျာပက်ဆာ ပြန်ရောက်လာခြင်းဟာ အစိုးရသစ်အတွက် ထိလွယ်ရှလွယ် ကိစ္စရပ်ဖြစ်ပြီး နောက်ထပ် ဆန္ဒပြမှုတွေနဲ့ ရာဂျာပက်ဆာရဲ့ လုံခြုံရေးကိုလည်း အာမခံပေးဖို့ လိုအပ်နေပါတယ်။

“မစ္စတာ ရာဂျာပက်ဆာ ပြန်လာတာကို ကျွန်တော်တို့ မကန့်ကွက်ပါဘူး။ သူ့အစိုးရကို အကျင့်ပျက်ခြစားမှုတွေကြောင့် လူတွေက လမ်းပေါ်ထွက်ခဲ့ကြတာပါ။ သီရိလင်္ကာ နိုင်ငံသားတိုင်း နိုင်ငံကို ပြန်လာနိုင်ပါတယ်” လို့ ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျယ်ဝမ်သာ ပီရိစ်က ဘီဘီစီကိုပြောပါတယ်။

ရာဂျာပက်ဆာ နိုင်ငံတွင်းကို ပြန်လာတာကို ကန့်ကွက်စရာမရှိပေမယ့် နိုင်ငံရေးနဲ့ အစိုးရပြန်ဝင်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

“သူပြန်လာပြီဆိုတော့ သမ္မတအဖြစ် သူကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် သူ့ကို တရားဥပဒေအရ အရေးယူဖို့ လိုအပ်ပြီး သူ့အစ်ကို ကိုလည်း အမှုဖွင့်ထားပါတယ်” လို့ အခြားတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေဆိုခွင့်ရှိသူတစ်ဦးကတော့ ရာဂျာပက်ဆာ ကို သမ္မတဟောင်း တဦး အနေနဲ့ လုံခြုံရေးပေးသွားမှာဖြစ်တယ်လို့ ပြောပါ တယ်။

— ကိုးကား —
BBC
Ref; Gotabaya Rajapaksa: Sri Lanka’s ousted former president returns

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။