Trending Now

ထိုင်နိုင်ငံတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကားတစ်စီး သစ်ပင်ကိုဝင်တိုက်မိ၍ ၃ ဦးသေဆုံး

Spread the love

ထိုင်နိုင်ငံတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကားတစ်စီး သစ်ပင်ကိုဝင်တိုက်မိ၍ ၃ ဦးသေဆုံး

EPN
မြန်မာ-နိုင်ငံတကာ၊ သြဂုတ် ၁၈

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးတင်ဆောင်လာသည့် ကားတစ်စီးသည် ညာဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါယာဉ်တိုက်မှုသည် ယမန်နေ့ နံနက် ၁၁ နာရီခန့်က နမောဘွန်မြို့နယ် အာရှဟိုင်းဝေးလမ်းမကြီးဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိမှုမပြင်းထန်သည့် မြန်မာနိုင်ငံသားများသည် အခင်းဖြစ်ပွားရာနေရာသို့ ရဲများမရောက်လာမီ အနီးနားရှိစိုက်ခင်းများထဲသို့ ထွက်ပြေးသွားခဲ့ကြပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား ၅ဦးကို အရေးပေါ်ဆေးရုံးကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်မောင်း ထိုင်းအမျိုးသားတစ်ဦးသည်လည်း ထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။

အဆိုပါပစ်ကပ်ကား ယာဉ်မောင်းသည် ရနောင်းခရိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးကို ကာအနောက်တွင် တာပေါ်လင်ဖြင့် ဖုံးအုပ်ကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ပရာဒသနာက ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ယာဉ်မောင်း နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ရဲများက ဆက်လက်ရှာဖွေနေပြီး ၎င်းတို့သည် ထိုင်းနိုင်ငံသို့ တရားဝင် ရောက်ရှိနေသည့် လူများဟုတ်မဟုတ် ကနဦးအတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

Source – bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။