Trending Now

မူးယစ္ေဆးအစားထိုးမက္သဒံုးေဆးရည္​း​ေသာက္ေနသူ အမ်ဳိးသားတစ္ဦးစိတ္ေဖာက္ျပန္ၿပီး ႀကိဳးဆြဲခ်ေသဆံုး

Spread the love

မူးယစ္ေဆးအစားထိုးမက္သဒံုးေဆးရည္​း​ေသာက္ေနသူ အမ်ဳိးသားတစ္ဦးစိတ္ေဖာက္ျပန္ၿပီး ႀကိဳးဆြဲခ်ေသဆံုး
EPN
မိုးညႇင္​း  မတ္(၂၈)

မိုးညႇင္းၿမိဳ႕၊သိမ္အင္းရပ္ကြက္တြင္ မတ္လ(၂၈)ရက္ နံနက္(၈)နာရီအခ်ိန္ခန္​႔က မူးယစ္ေဆးအစားထိုးမက္သဒံုးေဆးရည္​း​ေသာက္ေနသူ အမ်ဳိးသားတစ္ဦးစိတ္ေဖာက္ျပန္ၿပီး ႀကိဳးဆြဲခ်ေသဆံုးခဲ့​​ေၾကာင္​း မိုးညႇင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္​မွာ မိုးညႇင္းၿမိဳ႕သိမ္အင္းရပ္ကြက္ အိမ္အမွတ္(၃၅-ခ)တြင္ ေနထိုင္ေသာ အကိုျဖစ္သူ ဦးေက်ာ္သိန္းတင္ ၏ ေနအိမ္သို႔ ေက်ာ္ဝင္းေထြး(​ေသဆံုးသူ)မွ ေခတၱလာေရာက္ေနထိုင္စဥ္ ေက်ာ္ဝင္းေထြး မွ အိမ္သာေခါင္မိုးရိွ သံခြၽန္တြင္ ႀကိဳးခ်ည္လွ်က္ တြဲေလာင္းခိုကာ ေသဆံုးလွ်က္ရိွသည္ကို အိမ္ရွင္ျဖစ္သူဦးေက်ာ္သိန္းတင္ မွ ဦးစြာ ေတြ႕ရိွသျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားခဲ့သည္ ဟု သိရသည္။

အဆိုပါ ​ေနအိမ္သို႔ ဒုရဲအုပ္သင္းစုဝင္းႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္​ ၿမိဳ႕မရပ္ကြက္အုပ္ခ်ဴပ္ေရးမႉးဦးဝင္းႏိူင္စိုးသိမ္အင္းရပ္ကြက္ ရာအိမ္မႉးတို႔ႏွင္​့အတူ သြားေရာက္စစ္ေဆးခဲ့ရာ ေနအိမ္ေရေလာင္းအိမ္သာအမိုး၌တပ္ဆင္ထားေသာ သံတိုင္ခြၽန္တြင္ အရွည္(၈)ေပခန္႔ရိွေသာ ေရႊေရာင္ပလတ္စတစ္ႀကိဳးအား အသံုးျပဳ၍ ႀကိဳးဆြဲခ် ေသဆံုးခဲ့​ေၾကာင္​း​ေသဆံုးသူသည္​ ျပင္ပဒဏ္ရာတစံုတရာမရိွဘဲ ဦးေခါင္းေရွ႕စိုက္၊လွ်ာထြက္လွ်က္ရိွၿပီး၊ယာဘက္လက္သည္ယာဘက္နားရြက္အနီးရိွ ႀကိဳးဆြဲခ်သည့္ႀကိဳးအား ကိုင္ကာ သြားရည္မ်ားက်လွ်က္ ရိွၿပီး ေယာက်္ားတံဆာမွ သုတ္ထြက္လွ်က္ေတြ႕ရိွသည္ကို စစ္ေဆးေတြ႕ရွိေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

အဆိုပါ ႀကိဳးဆြဲခ်ေသဆံုးသူ ေက်ာ္ဝင္းေထြး အသက္(၃၇)ႏွစ္ (ဘ)ဦးေက်ာ္ခင္၊ ရန္ကင္းရပ္ကြက္ေနသူ၊မွတ္ပံုတင္မသိရိွ၊႐ုပ္အေလာင္းအား ရဲေဆးစာျဖင့္ မိုးညႇင္းခ႐ိုင္ျပည္သူ႕ေဆး႐ံုႀကီးသို႔ ေမတၱာေလညႇင္း လူမႈ႕ကူညီေရးကားျဖင့္ ပို႔ေဆာင္ေပးခဲ့ၿပီး မိုးညႇင္းၿမိဳ႕မရဲစခန္းမွ ေသမႈ႕ေသခင္းအမွတ္စဥ္-၆/၂၀၁၉အရ အမႈ႕ေရးဖြင့္ထားေၾကာင္းသိရသည္။

မိုးျမင့္
——————————————-

မူးယစ်ဆေးအစားထိုးမက်သဒုံးဆေးရည်းသောက်နေသူ အမျိုးသားတစ်ဦးစိတ်ဖောက်ပြန်ပြီး ကြိုးဆွဲချသေဆုံး
EPN
မိုးညှင်း  မတ်(၂၈)

မိုးညှင်းမြို့၊သိမ်အင်းရပ်ကွက်တွင် မတ်လ(၂၈)ရက် နံနက်(၈)နာရီအချိန်ခန့်က မူးယစ်ဆေးအစားထိုးမက်သဒုံးဆေးရည်းသောက်နေသူ အမျိုးသားတစ်ဦးစိတ်ဖောက်ပြန်ပြီး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့သိမ်အင်းရပ်ကွက် အိမ်အမှတ်(၃၅-ခ)တွင် နေထိုင်သော အကိုဖြစ်သူ ဦးကျော်သိန်းတင် ၏ နေအိမ်သို့ ကျော်ဝင်းထွေး(သေဆုံးသူ)မှ ခေတ္တလာရောက်နေထိုင်စဉ် ကျော်ဝင်းထွေး မှ အိမ်သာခေါင်မိုးရှိ သံချွန်တွင် ကြိုးချည်လျှက် တွဲလောင်းခိုကာ သေဆုံးလျှက်ရှိသည်ကို အိမ်ရှင်ဖြစ်သူဦးကျော်သိန်းတင် မှ ဦးစွာ တွေ့ရှိသဖြင့် မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည် ဟု သိရသည်။

အဆိုပါ နေအိမ်သို့ ဒုရဲအုပ်သင်းစုဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များသည် မြို့မရပ်ကွက်အုပ်ချူပ်ရေးမှူးဦးဝင်းနိူင်စိုးသိမ်အင်းရပ်ကွက် ရာအိမ်မှူးတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ရေလောင်းအိမ်သာအမိုး၌တပ်ဆင်ထားသော သံတိုင်ချွန်တွင် အရှည်(၈)ပေခန့်ရှိသော ရွှေရောင်ပလတ်စတစ်ကြိုးအား အသုံးပြု၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်းသေဆုံးသူသည် ပြင်ပဒဏ်ရာတစုံတရာမရှိဘဲ ဦးခေါင်းရှေ့စိုက်၊လျှာထွက်လျှက်ရှိပြီး၊ယာဘက်လက်သည်ယာဘက်နားရွက်အနီးရှိ ကြိုးဆွဲချသည့်ကြိုးအား ကိုင်ကာ သွားရည်များကျလျှက် ရှိပြီး ယောကျ်ားတံဆာမှ သုတ်ထွက်လျှက်တွေ့ရှိသည်ကို စစ်ဆေးတွေ့ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးသူ ကျော်ဝင်းထွေး အသက်(၃၇)နှစ် (ဘ)ဦးကျော်ခင်၊ ရန်ကင်းရပ်ကွက်နေသူ၊မှတ်ပုံတင်မသိရှိ၊ရုပ်အလောင်းအား ရဲဆေးစာဖြင့် မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မေတ္တာလေညှင်း လူမှု့ကူညီရေးကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းမှ သေမှု့သေခင်းအမှတ်စဉ်-၆/၂၀၁၉အရ အမှု့ရေးဖွင့်ထားကြောင်းသိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။