Trending Now

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခံရပြီးနောက် ကုလအထူးကိုယ်စာလှယ်မြန်မာကိုလာမည်ဟု ထုတ်ပြန်

Spread the love

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခံရပြီးနောက် ကုလအထူးကိုယ်စာလှယ်မြန်မာကိုလာမည်ဟု ထုတ်ပြန်

EPN
မြစ်ကြီးနား ၊ သြဂုတ် ၁၆

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မလေးခုဖြင့် နေပြည်တော်တရားရုံးမှ စုစုပေါင်းထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့ပြီးနောက် ကုလအထူးကိုယ်စာလှယ်၏ ခရီးစဉ် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်သည် ခရီးစဉ်အတွင်း မြန်မာပြည်တွင်း ဖြစ်ပေါ်နေသည့် အကျပ်အတည်းအခြေအနေအား နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံနှင့် ညှိနိုင်းဖြေရှင်းရေးအပြင် အခြားကိစ္စရပ်များအတွက် ၎င်းလုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းဆောင်တာများကို ဥပဒေဘာင်အတွင်းကနေ လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာလှယ် နိုလင်းဟေဇာသည် ပြီးခဲ့သော အောက်တိုဘာလတွင် ရာထူးခန့်အပ်ခံရပြီးနောက် ယခုအချိန်မှသာ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။

အထူးကိုယ်စာလှယ်သည် ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံသွားမည်ဟုဆိုသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရမရကိုမှုမသိရသေးပေ။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။