Trending Now

စစ်ကိုင်းမြို့နယ်ထဲက သာစည်လေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ သေဆုံး အလောင်းတွေ သိမ်းဆည်းရမိ

Spread the love

စစ်ကိုင်းမြို့နယ်ထဲက သာစည်လေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ သေဆုံး အလောင်းတွေ သိမ်းဆည်းရမိ

EPN
စစ်ကိုင်း ၊ ဧပြီ ၉

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ သာစည်လေးရွာနားမှာ ဒီကနေ့ မနက် အစောပိုင်း ၅ နာရီဝန်းကျင်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေအကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းနဲ့ သေဆုံးရုပ်အလောင်းတွေ သိမ်းဆည်းရမိတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတစ်ဦး ပြောတာက ” မန္တလေး မုံရွာ ကားလမ်းမှာ မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက် လူသတ် ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် မြင့်ဆွေ အဖွဲ့နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တို့ တိုက်ပဲဲဖစ်တာပါ ၊ ရန်သူ့အလောင်း အမျိုးသားလောင်း ၆ လောင်း ၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂ လက် ၊ ကျည်အိမ် ၂ ခု ၊ ကျည်ဆံ ၁၅ တောင့် ၊ လက်လုပ်စိန်ပြောင်း ၁၂ လက် သိမ်းဆည်းရမိတာ ” လို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန် ကျွန်းလှ ခရီးသည်တင်လိုင်းကား တစ်စီးဟာ မန္တလေး ရွှေဘိုကားလမ်းမှာ မိုင်းစထိမှန်ပြီး ဘုန်းကြီးတပါး အပါအဝင် လူသုံးဦး ဒဏ်ရာရခဲ့နယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။