Trending Now

အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ကျပ် သိန်းလေးထောင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

အမျိုးသားတစ်ဦး၏ နေအိမ်အတွင်းမှ ကျပ် သိန်းလေးထောင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
တာချီလိတ်၊ အောက်တိုဘာ ၄ (၂၀၂၃)

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှငွေကျပ် ၄၁၃၂.၇ သိန်း တန်ဖိုးရှိမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၁၂နာရီခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေရာ ရဲမင်းလတ် လာရောက် ပို့ဆောင်သည့် ပါဆယ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၁.၅၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၃၈ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး၊ နေ့လယ် ၁နာရီအချိန်ခန့်က ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊မကာဟိုခမ်း ရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှစိတ်ပြောင်းဆေးဝါး (HappyWater) အလေးချိန် ၂.၁၇၇ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၉၄.၇ သိန်း) အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရဲမင်းလတ် (၃၂)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားရှိပြီးကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။