Trending Now

ဝါရာဇွပ်ကျေးရွာအနီး အေအိုင်အေ အဖွဲ့အတွက် ရိက္ခာများ တင်ဆောင်လာသည့် ကုန်တင်ကား တစ်စီးမီးရှို့ခံရ

Spread the love

ဝါရာဇွပ်ကျေးရွာအနီး အေအိုင်အေ အဖွဲ့အတွက် ရိက္ခာများ တင်ဆောင်လာသည့် ကုန်တင်ကား တစ်စီးမီးရှို့ခံရ

EPN
မြစ်ကြီးနား၊ မေလ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဝါရာဇွတ်ကျေးရွာအနီးတွင် ယမန်နေ့ ၁၁ နာရီအချိန်ခန့်က အေအိုင်အေ တပ်ဖွဲ့အတွက် ရိက္ခာများတင်ဆောင်လာသော ကုန်တင်ကား တစ်စီးအား ပြည်သူ့စစ်တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝါရာဇွပ်ကျေးရွာအနီးရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

၎င်းမီးရှို့ခံရသော ကုန်တင်ကားတစ်စီးသည် နန့်ယားဘက်မှ ဖားကန့်ဘက်သို့ ကေအိုင်တပ်ဖွဲ့အတွက် ရိက္ခာများသွားရောက်ပို့ပေးခြင်းဖြစ်ပြီး ရှဒူးဇွတ်ကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြား မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကားကတော့ကုန်တင်ကားပဲ၊ကြည့်ရတာတော့ စားနပ်ရိက္ခာတွေ တင်သွားတာဖြစ်နိုင်တယ်၊ မနေ့က နေ့လည်ပိုင်းလောက်မှာမီးရှို့ခံရတာ ကားသမားကတော့ ထွက်ပြေးသွားတယ်၊ မသေရုံပေါ့ ဒဏ်ရာတွေတော့ရတယ်သေနတ်တွေနှင့်လည်းပစ်သေးတယ်၊ ဘာလို့ရှို့သလဲဆိုတာတော့သေချာမသိပေမဲ့ကြည့်ရတာမကျေနပ်လို့လုပ်တာဖြစ်မယ်၊ ဘာလို့လဲဆိုတော့မကြာသေးခင် က ကေအိုင်အေအဖွဲ့တွေက ပြည်သူ့စစ်ခေါင်းဆောင်ကို လုပ်ကြံခဲ့သေးတယ် ဒါပေမဲ့မအောင်ဘူးလို့ကြားတယ် အဲ့ဒါကြောင့် ရှို့တာဖြစ်နိုင်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှု မတိုင်ခင်တွင် ကေအိုင်အေတပ်ဖွဲ့မှ ဝါရာဇွပ်တွင်ရှိသော ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်အတွင်းဝင်ရောက် လုပ်ကြံခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်းရိက္ခာတင်ဆောင်လာသော ကားသမားမှာ အသက်ဘေးမှလွတ်မြောက်ပြီး ယခုလက်ရှိတွင်ဆေးကုသခံယူနေကြောင်းလည်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။