Trending Now

နမ်ဆန်ယန်ရွာအုပ်စု ဘန်ဒေါင်ကျိန်းနမ်ဇွမ်တွင် KIA နှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဗန်းမော်၊လိုင်ဇာ သွားလာခြင်းအား ပိတ်ပင်ထား

Spread the love

နမ်ဆန်ယန်ရွာအုပ်စု ဘန်ဒေါင်ကျိန်းနမ်ဇွမ်တွင် KIA နှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဗန်းမော်၊လိုင်ဇာ သွားလာခြင်းအား ပိတ်ပင်ထား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃

ဝိုင်းမော်မြို့နယ် ၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ ဘန်ဒေါင်ကျိန်းနမ်ဇွမ်တွင် KIA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ယနေ့ နံနက် ၅နာရီ အချိန်က တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မြစ်ကြီးနား၊ ဗန်းမော်၊ လိုင်ဇာ ကားလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း ကားဆရာများထံမှ သိရသည်။

ဘန်ဒေါင်ကျိန်နမ်ဇွမ်တွင် KIA နှင့် တပ်မတော်စစ်ကြောင်းတို့ ယနေ့ နံနက် ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလာသည့်အတွက် မြစ်ကြီးနား၊ ဗန်းမော်၊ လိုင်ဇာ ခရီးသည် ကားများ ယာယီသွားလာခြင်း မရှိကြောင်း ကားဆရာတစ်ဦးက ပြောသည်။

” ဒီနေ့ ဗန်းမော်တက်ဖို့ ပြင်နေတာ လမ်းကြောင်း အခြေအနေ ဖုန်းနဲ့လှမ်းမေးလိုက်တာ အခြေအနေ မကောင်းဘူး။ တချို့ ကားတွေလည်း လမ်းတဝက္မှာ ရပ်နေကြတယ်။ နန်ဆန်ယန ဘက္မှာ ဒီနေ့ နံနက် ၅ နာရီလောက် တိုက်ပွဲဖြစ်နေတယ်။ အခြေအနေဆိုးနေတယ်။ အဲ့ဒါကြောင့် မတက်သေးဘူး ” ဟု မြစ်ကြီးနား-ဗန်းမော် ပြေးဆွဲနေသည့် ကားဆရာ တစ်ဦးက ရှင်းပြသည်။

ယနေ့ နံနက်ပိုင်းအချိန်က နန်ဆန်ယန် ကျေးရွာအုပ်စုအတွင်း တပ်မေတာ်နှင့် KIA လက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား နေခြင်းကြောင့် ဒေသခံပြည်သူမျာ RC Church ဘုရားကျောင်းတို့တွင် စုဝေးခြင်း၊ ခရီးသည်ကားများ ရောက်သည့် နေရာတွင် ရပ်ဆိုင်းထားရခြင်း၊ နောက်ပြန်လှည့်ခြင်းတို့ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။