Trending Now

ဘုတလင်မြို့နယ်မှာ အကြမ်းဖက်သမား ၆ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

Spread the love

ဘုတလင်မြို့နယ်မှာ အကြမ်းဖက်သမား ၆ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

EPN
ဘုတလင် ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ ပဲပြစ်တောကျေးရွာနားမှာ ဒီကနေ့ နေ့လည်ပိုင်းက နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးနေတဲ့ အကြမ်းဖက်သမားတချို့နဲ့ လက်နက်ခဲယမ်းတွေကို စစ်ကြောင်းအဖွဲ့က သိမ်းဆည်းရမိတယ်လို့ ဘုတလင်မြို့နယ် လုံခြုံရေး အဖွဲ့ဆီက သိရပါတယ်။

” ဖြစ်တာက မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ တပ်မတော်ကနေ လက်နက်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ပြေး တယောက်အပါအဝင် အကြမ်းဖက်သမား ၆ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာဖြစ်တယ် ” လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်သမားတွေဆီက လက်လုပ်သေနတ် ၄ လက် ၊လက်လုပ်စိန်ပြောင်း ၃ လက် ၊ ရှော့တိုက်ဒုံးသီး ၆လုံးတွဲ ၁ ၊ ကျည်ဆံ ၃၅၀ တောင့်ကျော်၊လက်ပစ်ဗုံး ၄ လုံး ၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး ၊ လက်လုပ်မိုင်း ၈ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး ၊ ယမ်းမှုန့်အိတ် ၂၂ အိတ် ၊ ကျည်အိမ် ၂ ခု၊ ယမ်းကြိုး ၅ ခွေ ၊ ဒုံးပျံLocalတံဆိပ်လည်စည်း ၁ ခု ၊ လက်သုံးချောင်းထောင်အလံ ၁ ထည်၊ ဝရိန်ပုံး၊ သံဖြတ်စက် စတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။