Trending Now

မင်္ဂလာဒုံမြိုနယ်တွင် တရားမဝင်ဘင်္ဂလီ (၁၂) ဦး ဖမ်းဆီးရမိ

Spread the love

မင်္ဂလာဒုံမြိုနယ်တွင် တရားမဝင်ဘင်္ဂလီ (၁၂) ဦး ဖမ်းဆီးရမိ

EPN
နေပြည်တော်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ဘားလားကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က တရားမဝင် ဘင်္ဂလီ ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်၊ ရွှေနံသာကျေးရွာ၊ ဘားလားကျေးရွာအဝင် လမ်းသစ်ခွခြံအနီး လမ်းဘေးတွင် ဘင်္ဂလီများရောက်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ ဘင်္ဂလီ အမျိုးသား ၆ ဦး အမျိုးသမီး ၆ ဦးတိုကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတိုသည် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီတွင် အငှားယာဉ် နှစ်စီးဖြင့် ရောက်လာပြီး ပွဲစားများက ဘားလားကျေးရွာအဝင် လမ်းသစ်ခွခြံအနီးတွင် ချထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ပိုဆောင်သည့် တရားခံများ ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရ သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။