Trending Now

ပူတာအိုခရိုင်၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်

Spread the love

ပူတာအိုခရိုင်၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်

EPN
ပူတာအို၊ မတ် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်စေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ် (၃၀)ရက် နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လူအသွားအလာများသောနေရာများဖြစ်သည့် ပူတာအိုလေဆိပ် နားနေဆောင်၊ မြို့မဈေး(မနက်ဈေး)ပတ်ပတ်လည်၊ ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၊ ကောင်းမှုလုံစေတီတော်ရင်ပြင်နှင့် ဘုန်းကြီးကျောင်း၊ လေယာဉ်ကွင်းဈေးများတွင် လူအထိအတွေ့များသောနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းတွင် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် ခရိုင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်တို့ ဦးဆောင်မှုဖြင့် ခရိုင်အဆင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူအသွားအလာများသောနေရာများတွင် ရောဂါကာကွယ်ရေးအတွက် ပိုးသတ် ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။