Trending Now

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေး ၂၅ပါးကို နေ့ဆွမ်းဆက်ကပ်

Spread the love

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေး ၂၅ပါးကို နေ့ဆွမ်းဆက်ကပ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထားပြီး၊ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုဖြစ်သည့် ဦးတွမ်ပီချင်း (Hai + War Hot Pot & Barbecue) မိသားစုမှ သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေး ၂၅ပါးကို ယမန်နေ့ (စက်တင်ဘာလ ၃ ရက်နေ့)က နေ့ဆွမ်းဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားပြီး၊ ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများဖြစ်သည့် ဦးခင်မောင်ကျော်၊ ဦးယောယိန်း၊ ဦးတွမ်ပိချင်း၊ ဦးရဲလင်းထွန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးငွါးဆာတို့မှ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့များတွင် သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်ရှိ ဆရာကြီး၊ ဆရာလေးများကို နေ့ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ၂ဝ၂ဝ ခုနှစ် ဝါတွင်းကာလက စတင်ပြီး သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်ရှိ ဆရာကြီး၊ ဆရာလေးများကို လပြည့်၊ လကွယ်နေ့များတွင် အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ယနေ့တိုင် လှူဒါန်းလာခဲ့ခြင်းဖြစ်ပြီး၊ ဝါထွက်ကာလတွင်လည်း ကျွန်းပင်သာ ပရဟိတကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် မိဘမဲ့ ကလေးငယ်များအတွက် လပြည့်၊ လကွယ်နေ့တိုင်း အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အပြင် မိဘမဲ့ကလေးငယ်များအတွက် ကျောင်းသုံးပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးခဲ့သည်မှာ ၃ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ ချုပ် ဥက္ကဌကြီး သီရီပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွပ်ပီချင်း၊ ဦးအောင်ရင် ကချင်အထူးဒေသ (၁)၊ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုကနေ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်တိုင်မြို့နယ်ရှိ ဆုတောင်းပြည့် မြစ်ကြီးနားကျောင်းတိုက် ဆရာတော် ဦးအရိယဝံသအတွက် VOXY (အဖြူရောင်) အမျိုးအစား မော်တော်ယာဉ် တစ်စီးကိုလည်း လှူဒါန်းပေးခဲ့သည်။

မြစ်ကြီးနားမြို့ရှိ မိဘမဲ့ဂေဟာများတွင်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ နှစ်ခြင်းမိဘမဲ့ဂေဟာ၊ မေတ္တာရင်ခွင်ဂေဟာ၊ ကျေးဇူးတော်ရင်ခွင်ဟာ၊ အာကာဗေဂဟာ၊ ပတီး ဘုန်းကြီးကျောင်း၊ ဘိုးဗစ်ဂေဟာ၊ စိန်မော်နီကာဂေဟာ၊ မာနွေလဂေဟာ၊ မေတ္တရိပ်မြုံဂေဟာ၊ စံပြမိဘမဲ့ဂေဟာ၊ မျှော်လင့်ခြင်းဂေဟာ၊ Grau Happy Land ဂေဟာ၊ အသင်းတော်ကလေးများဂေဟာ၊ ဆာရာဂျွန်ဂေဟာ၊ ကလေးများ မေတ္တာရိပ်မြုံ၊ နေခြည်ကလေးများ ဖွံ့ဖြိုးရေးဂေဟာ၊ စိန်ဖရန်စစ်ဇေးဗီးယားဂေဟာ၊ ရှလုံဂေဟာနှင့် မြစ်ကြီးနား မျက်မမြင်ကျောင်း တို့တွင် နေ့စဉ် သောက်ရေသန့် လှူဒါန်းခြင်း၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ကျောင်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို နှစ်စဉ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။