Trending Now

ထိုင်းနိုင်ငံမှာ ဆေးခြောက်စိုက်ပျိုးခွင့် တရားဝင်ခွင့်ပြု

Spread the love

ထိုင်းနိုင်ငံမှာ ဆေးခြောက်စိုက်ပျိုးခွင့် တရားဝင်ခွင့်ပြု

EPN
နိုင်ငံတကာ၊ ဇွန် ၉

ထိုင်းနိုင်ငံဟာ ဇွန်လ ၉ ရက်နေ့က စတင်ပြီး ဆေးခြောက်စိုက်ပျိုးခြင်းကို တရားဝင်ခွင့်ပြုပေးလိုက်ပြီးဖြစ်ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆေးခြာက်ပင် မျိုးစေ့တစ်သန်းကိုလည်း အစိုးရက စိုက်ပျိုးဖို့အတွက် ပေးဝေသွားမယ်လို့ ဆိုပါတယ်။

လက်တလော လူအယောက်တစ်သိန်းကျော်ဟာ နေအိမ်မှာ ဆေးခြောက် စိုက်ပျိုးဖို့ စားရင်းပေးသွင်းထားကြောင်း ထိုင်းနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေမှာ ဆေးခြောက်နဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကြောင့် အကျဉ်းချခံထားရတဲ့ လူဦးရေ ၃၀၇၁ ဦးကိုလည်း ပြန်လည်လွှတ်ပေးမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ဆေးခြောက်စိုက်ပျိုးခွင့်နဲ့ လက်ဝယ်ထားရှိခွင့်ကို ပထမဆုံး တရာဝင်ခွင့်ပြုလိုက်တဲ့ အာရှတွင်း နိုင်ငံဖြစ်လာပါတယ်။

ဒါပေမယ့် ဆေးခြောက်သုံးစွဲခြင်းကို ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးပြုဖို့ တိုက်တွန်းထားပြီး ဆေးလိပ်သောက်သုံးခြင်းက လူအများကို အနှောင့်အယှက်ဖြစ်စေပါက ဘတ်ငွေ ၂ သောင်းခွဲ ဒဏ်ငွေ ချမှတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

Source – khaosodenglish

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။