Trending Now

ဖားကန့်မြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မေလ (၂၄)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ တစ်ရက်အတွင်း ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ဆိပ်မှုကျေးရွာနှင့် ယူမာကျေးရွာ တို့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာ အုပ်စု ၊ ယူမာကျေးရွာရှိ စားသောက်ဆိုင်တစ်ခုတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည့် သတင်းအရ စောင့်ဆိုင်းနေစဉ် ညနေ (၆)နာရီခွဲခန့်က စလင်းမိုးငံကျေးရွာနေ ဦးဝင်းဦး အသက် (၄၆)နှစ် ဆိုသူမောင်နှင့်လာပြီး ဖြူစင်ကုန်းရပ်ကွက်နေ ကိုတေဇာလင်း အသက်(၂၅)နှစ် ဆိုသူလိုက်ပါလာသည့်ကားထဲမှ အဝါရောင် ပီနံအိတ်ဖြင့် ထုတ်လျှက် ဖြူ/ဝါရောင် ဘိန်းဖြူမှုန့် (၂၂၀၀)ခွက်၊စုစုပေါင်း အလေးချိန် ၁၉.၈ ကီလိုဂရမ် ၊ ကာလတန်ဖိုးငွေကျပ်သိန်း (၃၉၆၀)ကျော် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနောက် ဖမ်းဆီးမိသူများကို စစ်ဆေးမေးမြန်ရာမှ ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာနေ ၊ ဦးအေးပန့် အသက်(၅၀)နှစ် ဆိုသူ နေအိမ်အောက်ထက် အခန်းအတွင်းမှ အဝါရောင်ပီနံ အိတ်ဖြင့်ထုတ်လျှက် ဖြူ/ဝါရောင် ဘိန်းဖြူမှုန့် (၁၁၀၀)ခွက်၊စုစုပေါင်း အလေးချိန် ၉.၉ ကီလိုဂရမ် ၊ ကာလတန်ဖိုးငွေကျပ်သိန်း (၁၉၈၀)ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အား ဖားကန့်မြို့နယ် မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။