Trending Now

မွေးရပ်မြေ ဘရာဇီး၌ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရန် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာ ဒေါ်လာတစ်သန်း လှူဒါန်း

Spread the love

မွေးရပ်မြေ ဘရာဇီး၌ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရန် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာ ဒေါ်လာတစ်သန်း လှူဒါန်း

 

EPN
နိုင်ငံတကာ၊ ဧပြီ ၄

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာက မွေးရပ်မြေ ဘရာဇီးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက် ဖျက်ရေးတွင်ကူညီရန် အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းငွေကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) နှင့် ရုပ်သံတင်ဆက်သူ လူစီယာနို ဟော့ခ် တည်ထောင်ထားသည့် ပရဟိတအစီအစဉ်တစ်ခုတို့ကြား ခွဲဝေခဲ့ကြောင်း ဘရာဇီးရုပ်သံဌာန SBT ၏ ဖော် ပြချက်အရ သိရသည်။

“လှူဒါန်းမှုတွေ ဒါမှမဟုတ် ငွေကြေးပမာဏတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ တစ်ခါမှ မဆွေးနွေးပါဘူး” ဟု နေမား၏ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

လူစီယာနိုက တိုက်စစ်မှူး နေးမား၊ ကမ္ဘာ့ရေလှိုင်းစီးချန်ပီယံ ဂါဘရီရယ်လ်မီဒီနာ တို့ကဲ့သို့သော ထင်ရှား ကျော်ကြားသူများ၏ ပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့်အပတ်က အကူအညီလိုအပ်သူများအတွက် ရန်ပုံငွေကောက်ခံမှု အစီအစဉ်ကို ကြေညာခဲ့သည်။

ဘရာဇီးတိုက်စစ်မှူး နေမာမှာ ကမ္ဘာပေါ်တွင် လစာအမြင့်ဆုံးရရှိသည့် ဘောလုံးသမားတစ်ဦးထဲတွင် ပါဝင်ပြီး ပီအက်စ်ဂျီအသင်း၌ တစ်လလျင် ယူရို ၃ သန်း (ဒေါ်လာ ၃ ဒသမ ၂ သန်း) ဝင်ငွေရရှိသည်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၉၀၀၀ ကျော်၊ သေဆုံးသူ ၃၅၉ ဦးဖြင့် အဆိုပါကပ်ရောဂါ ဒဏ် အဆိုးရွားဆုံးခံရသည့် တောင်အမေရိကတိုင်းပြည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်း တွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ သိရသည်။

ကိုးကား–ဆင်ဟွာ
Ref; Neymar donates $1 million to curb coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။