Trending Now

နီပေါနိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ ပွဲတော် ကျင်းပ

Spread the love

နီပေါနိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ ပွဲတော် ကျင်းပ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃

နီပေါနိုင်ငံတစ်ဝှမ်းက ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ စပါးစိုက်ပျိုးတဲ့ ပွဲတော်ကို မိသားစုဝင်တွေနဲ့အတူ အထူးပွဲတော်အဖြစ် နှစ်စဉ် ဆင်နွဲကြပါတယ်။

စပါးစိုက်ပွဲတော်ကို ရွှံ့နွံ ရေတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဖြန်းပက်ကာ ကျင်းပလေ့ရှိပြီး လယ်သမားတွေအပြင် မြို့က ဧည့်သည်တွေနဲ့ နိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေပါ ပါဝင်ဆင်နွဲလေ့ရှိတယ်လို့ ဆိုပါတယ်။

ဆန်ဟာ နီပေါလူမျိုး သန်းပေါင်းများစွာအတွက် အဓိက အစားအစာဖြစ်ပြီး ယေဘုယျအားဖြင့် သီးနှံကို ဇူလိုင်လမှာ တစ်နှစ်တစ်ကြိမ် စိုက်ပျိုးပြီး လေးလခန့်အကြာမှာ ရိတ်သိမ်းကြပါတယ်။

လယ်သမားတွေနဲ့ မိသားစုဝင်တွေက စပါးစိုက်ပျိုးဖို့ လိုအပ်တဲ့ မိုးရေကို ကြိုဆိုတဲ့အနေနဲ့ ရိုးရာသီချင်းတွေ သီဆိုကြပြီး အချိန်မီ မိုးရွာစေခဲ့တဲ့အတွက် ဘုရားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

စပါးစတင်စိုက်ပျိုးပြီဆိုတာနဲ့ လယ်သမားတွေဟာ တစ်ယောက်ကိုတစ်ယောက် ရွှံ့နွံတွေနဲ့ လိမ်းကျံကာ ပွဲတောင်ကိုကျင်းပကြပြီး လယ်ကွင်းတွေထဲမှာ ပျော်ရွင်စွာ ကခုန်ကြပါတယ်။

အဲ့ဒီနေ့ ပွဲတော်အတွင်းမှာ အဓိက အစားအစာအဖြစ် ဒိန်ချဉ်နဲ့ ကြိတ်ထားတဲ့ ထမင်းကို စားသုံးလေ့ရှိကြပြီး နိုင်ငံတဝှမ်းက လူတွေဟာ အထိမ်းအမှတ်အဖြစ် ဒိန်ချဉ်နဲ့ ထမင်းပေါင်းကို သရက်သီးနဲ့ ဒါမှမဟုတ် ငှက်ပျောသီးနဲ့ စားသုံးကြပါတယ်။

အစိုးရက အမျိုးသားစပါးနေ့ အားလပ်ရက်အဖြစ် သတ်မှတ်ပြီး လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့နဲ့ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ လူတွေရှိသလို အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကိုလည်း တိုးမြင့်လုပ်ကိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။