Trending Now

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွေးကောက်ပွဲတွင် အလိုမရှိ စာရွက်ကပ်သူများကို စုံစမ်းနေ

Spread the love

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွေးကောက်ပွဲတွင် အလိုမရှိ စာရွက်ကပ်သူများကို စုံစမ်းနေ

EPN
မုံရွာ၊ ဇူလိုင် ၆

မုံရွာမြို့တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွေးကောက်ပွဲတွင် အလိုမရှိ စာရွက်ကပ်သူများကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းလျက်ရှိကြောင်း မုံရွာမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှုး ဝင်းနိုင်ကပြောသည်။

ယနေ့ ဇူလိူင် ၆ ရက် နံနက်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမရှေ့ ၊ အထက၃ ရှေ့ နှင့်ယာဉ် ထိန်းနားနေရုံး ရှေ့တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ လိုက်လံကပ်ထားမှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

“အခုလောလောဆယ်မှာတော့ ဘာမှပြောလို့မရသေးပါဘူး။ကပ်တဲ့သူကိုတော့ လိုက်လံစုံစမ်းနေပါတယ်။ကပ်တဲ့သူကလည်း ဘယ်သူဘယ်ဝါမှန်း မသိရသေးတော့ ဘာမှပြောလို့မရသေးဘူး”ဟု ဒုရဲမှူး ဝင်းနိုင်ကပြောသည်။

အဆိုပါ စာရွက်များကို ဖြုတ်လိုက်ပြီး စာရွက် ကပ်သူကို အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း သိရသည်။

သူရိယထက်
#ThuriyaHtet #စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။