Trending Now

ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ ၁၆၅ သန်းအထိ တိုးလာ

Spread the love

ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ ၁၆၅ သန်းအထိ တိုးလာ
EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၁ ခုနှစ်မှာ ၁၄၄ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၁၆၅ သန်းကျော်အထိ တိုးလာတယ်လို့ ဇူလှိုင်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှသူတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ င်္ဂလားဒေ့ရှ် နိုင်ငံမှာ အမျိုးသမီးတွေပိုမိုများပြားလာတဲ့အတွက် အမျိုးသမီး ၈၃ ဒသမ ၃၅ သန်းခန့် ရှိပြီး အမျိုးသား ဦးရေက ၈၁ ဒသမ ၇၁ သန်း ရှိတယ်လို့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
တောင်အာရှနိုင်ငံ ရဲ့ ဆဋ္ဌမမြောက် သန်းခေါင်စာရင်း ပဏာမအချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဦးရေဟာ ၁၆၅,၁၅၈,၆၁၆ အထိရှိလာတယ်လို့ သိရပါတယ်။
မြို့ပြလူဦးရေထက် ကျေးရွာတွေမှာ နေထိုင်သူတွေက ပိုမိုများပြားနေသေးပေမယ့် ကျေးလက်နေ လူဦးရေဟာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ၃ သန်းခန့်သာ တိုးပွားလာခဲ့ပြီး မြို့ပြလူဦးရေကတော့ သန်း ၂၀ နီးပါး အထိ တိုးလာခဲ့ပါတယ်။
source – XinHua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။