Trending Now

သုံးလကျော်အထိ ပိတ်ထားသည့် ခလုံး-တလူး ရေကြောင်းလမ်းပိုင်းပြန်လည်ဖွင့်သော်လည်း သွားလာရန်ခက်ခဲမှုရှိနေသေး

Spread the love

သုံးလကျော်အထိ ပိတ်ထားသည့် ခလုံး-တလူး ရေကြောင်းလမ်းပိုင်းပြန်လည်ဖွင့်သော်လည်း သွားလာရန်ခက်ခဲမှုရှိနေသေး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နယ်ရှိ သုံးလကျော်အထိ ပိတ်ထားသည့် ခလုံး-တလူး ရေကြောင်းလမ်းပိုင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ် သွားလာနေပြီဖြစ်သော်လည်း သွား လာရန် ခက်ခဲမှုများ ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

ခလုံး-တလူး ရေ‌ကြောင်းလမ်းပိုင်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလပိုင်းမှ စတင်ပြီး အသွားအလာ ပိတ်ထားခဲ့ရာ ယခုလပိုင်းတွင် ပြန်လည်ဖွင့်လှစ်သွားလာနိုင်ပြီဖြစ်သော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည့်အတွက် ခရီးသည်များသွားလာရန် တင်းကြပ်မှုများရှိနေကာ ကုန်ပစ္စည်းများလည်း သယ်ယူပို့ဆောင်ရန် ခက်ခဲနေသေးသည့်အတွက် ကုန်ဈေးနှုန်းများလည်းကျဆင်းမှုမရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” လမ်းပိုင်းသွားလာမှုကိုတော့ ခွင့်ပြုထားပြီလို့ သိရတယ်။ ဒါပေမယ့် အရင်လို သွားလာနိုင်တဲ့ အခြေအနေမျိုးတော့မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ စစ်ရေးအခြေအနေက ဆိုးနေတုန်းပဲ။ ဒါကြောင့် ခရီးသည်တွေကို စစ်ဆေးတင်းကြပ်မှုများတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေလည်း အရမ်းတင်လို့ရတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။ ဒါ ကြောင့် ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ကတော့ မဖြစ်နိုင်သေးဘူး။ အခုလိုသွားလာခွင့် ပေးထားတာကလည်း စစ်ရေးအခြေအနေ မကောင်းလို့ ပြည်သူတွေကို ရွှေ့ပြောင်းခိုင်းတဲ့သ‌ဘောလိုပဲ ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ခလုံး-တလူး ရေကြောင်းလမ်းပိုင်းကို သွားလာခွင့်ပြုထားချိန်တွင် စစ်ဆေးအခြေနေ တင်းမာနေမှုကြောင့် တလူး၊ တကားကျေးရွာမှ ပြည်သူများ (၇၀၀)နီးပါးမှာ တနိုင်း၊ ရှင်ဗွေယန်၊ ခလုံး၊ တခက်၊ တဆိပ် ကျေးရွာများရှိ မိမိဆွေမျိုးများရှိရာ နေအိမ်များသို့ ရွှေ့ပြောင်းလာကြကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။