Trending Now

ဖားကန့်မြို့ရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် နွံကန်ပေါက်ကျရာ လူနှစ်ဦး သေဆုံး

Spread the love

ဖားကန့်မြို့ရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် နွံကန်ပေါက်ကျရာ လူနှစ်ဦး သေဆုံး
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်) နံနက် (၇)နာရီခန့်က ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းရှိ နွံကန် ပေါက်ကျရာမှ အနီးရှိ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ နွံကန်ပေါက်ကျမှုကြောင့် လူ (၂) ဦးမျောပါသေဆုံးခဲ့ရပြီး (၃)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနက် (၇)နာရီကျော်လောက်က ဖြစ်သွားတာ ကျောက်စိမ်းသစ်ရွက် လုပ်ကွက်ဟောင်းမှာရှိတဲ့ နွံကန်ကနေ ပေါက်ကျပြီး အနားမှာရှိတဲ့ မြေစာတွေကို တိုက်စားသွားတယ်၊ အဲ့ဒီတိုက်စားသွားတဲ့မြေစာ ပေါ်မှာ ရေမဆေးကျောက်ရှာတဲ့သူတွေရှိနေတယ်၊ အဲဒီအထဲက လူတချို့ပါသွားတယ်၊ အသက်မဲ့နေတဲ့ လူနှစ်ဦး ကို ရှာဖွေတွေ့ရှိခဲ့တယ်” ဟု ၎င်းက ပြောသည်။
ယင်း နွံကန်ပေါက်ကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦးအပြင် ထိခိုက်ဒဏ်ရာ (၃)ဦး ရရှိခဲ့ပြီး ယင်း (၃)ဦးကိုလည်း ဖားကန့်မြို့နယ်ပြည်သူဆေးရုံကြီးကို ပို့ဆောင်ထာပြီး ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် အလားတူဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိပြီး (၂၀၂၁)ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့ကလည်း မှော်စီစာအနီးက ကုမ္ပဏီလုပ်ကွက်ဟောင်းတွင် မြေစာပုံပြိုကျကာ လူဦးရေ(၈၀)ထက်မနည်း သေ‌ဆုံးခဲ့ရကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။