Trending Now

မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်

Spread the love

မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်

EPN
မြစ်ကြီးနား၊ ဧပြီ ၈ (၂၀၂၄)

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ‌ဂေါက်သီးရိုက်ပြိုင်ပွဲကို မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားဂေါက်ကလပ်၌ ဧပြီလ ၆ ရက်နေ့၊ နံနက် ၇ နာရီ အချိန်က ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်းပေါင်း ၂၀ ကျော်မှ ဂေါက်သီးရိုက်ကစားသမားများအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနားဂေါက်ကလပ်နာယကနှင့် တာဝန်ရှိသူများက တာထွက်နေရာမှ Smoke Ball ကို အသီးသီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မနောကွင်းအတွင်း လုံဂါပါစားသောက်ဆိုင်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သော မြန်မာနှစ်သစ်ကူးအကြို သင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တာဝန်ရှိသူများကတက် ရောက်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ‌‌ဂေါက်သီးရိုက်ကစားသမားများ တက်ရောက်ခဲ့ကြပြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုအမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အဖွဲ့လိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် Hole in One ဆုရရှိသူတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။