Trending Now

Move Forward ပါတီခေါင်းဆောင်က ကရင်ရိုးရာဝတ်စုံနဲ့ ကရင်ရိုးရာပွဲကို ပါဝင်ဆင်နွဲခဲ့

Spread the love

Move Forward ပါတီခေါင်းဆောင်က ကရင်ရိုးရာဝတ်စုံနဲ့ ကရင်ရိုးရာပွဲကို ပါဝင်ဆင်နွဲခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၈

Move Forward ပါတီခေါင်းဆောင် ပီတာနဲ့ လူချင်းတွေ့ဆုံခွင့်ရရှိဖို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကရင်လူမျိုးတွေဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းက ခလောင်ဆန်၀ ခရိုင်အတွင်းက ဘုရားကျောင်းတစ်ခုကို စည်ကားသိုက်မြိုက်စွာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကရင်ရိုးရာပွဲကို ပါဝင်ဆင်နွဲဖို့ ပီတာက Move Forward လွှတ်တော်အမတ်အချိုနဲ့အတူ ဝက်ပရေးဆူရင် မြို့ကို သွားရောက်ခဲ့ပြီး ကရင်ရိုးရာဓလေ့အတိုင်း ပါဝင်ဆင်နွဲရင်း အမှတ်တရပစ္စည်းတွေကို လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

ကရင်ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ပီတာကို ပန်းပေးချင်တဲ့လူ များပြားလွန်းတာကြောင့် ပွဲစီစဉ်သူတွေက လူအုပ်ကြီးကို စီတန်းခိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် Move Forward ခေါင်းဆောင်က သူ့ကိုထောက်ခံအားပေးမှုအတွက် အလွန်ကျေးဇူတင်ရှိကြောင်းနဲ့ တိုင်းရင်းသားလူနည်းစုတွေကို တန်းတူအခွင့်အရေးပေးမယ့် ဥပဒေကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကရင်ရိုးရာအင်္ကျီမှာ ကော်လာ၊ ချုပ်ရိုး၊ အိတ်ကပ်မပါတဲ့အတွက် တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရှင်းတဲ့ ဘဝတွေကို ကိုယ်စားပြုတာဖြစ်ပြီး အဲ့ဒီစံနမှုနာကို လိုက်နာကာ ရိုးရှင်းတဲ့ဘဝကို ဦးဆောင်ရင်း ကရင်လူမျိုးတွေဘက်က အမြဲရပ်တည်သွားမယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref; nationthailand


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။