Trending Now

ကျောင်းသား၊ ကျောင်းသူ အကြိုအပို့လုပ်နေသည့် တပ်မတော်သား နှစ်ဦးအား မိုးကောင်း PDF မှ လုပ်ကြံပစ်ခတ်မှုကြောင့် ဒေသခံများ စစ်ဆေးမှု တင်းကြပ်ခံနေရ

Spread the love

ကျောင်းသား၊ ကျောင်းသူ အကြိုအပို့လုပ်နေသည့် တပ်မတော်သား နှစ်ဦးအား မိုးကောင်း PDF မှ လုပ်ကြံပစ်ခတ်မှုကြောင့် ဒေသခံများ စစ်ဆေးမှု တင်းကြပ်ခံနေရ

EPN
မိုးကောင်း၊ ဩဂုတ် ၂၀

မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် တပ်မတော်သားများ၏ ကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် အကြို၊ အပို့ လုပ်နေသည့် စစ်သည်နှစ်ဦးအား မိုးကောင်း PDf အဖွဲ့မှ ချောင်းမြောင်းလုပ်ကြံပစ်ခတ်မှုပြုလုပ်ခဲ့သည့်အတွက် မိုးကောင်းပြည်သူများ စစ်ဆေးတင်းကြပ်စွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃နာရီအချိန်တွင် တပ်ရင်း (၇၄) မှ စစ်သည် သားသမီးများ ပညာသင်ကြားလျက်ရှိသည့် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၏ အရှေ့လမ်းထောင့်တွင် စစ်ကားဖြင့် လာကြိုသည့် စစ်သည်နှစ်ဦးအား မိုးကောင်းမြို့PDF အဖွဲ့မှ ကြိုတင်စောင့်ဆိုင်းပြီး ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

” ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား နှစ်ဦးက ကျောင်းလာကြိုတဲ့ စစ်သားနှစ်ဦးကို ပစ်ခတ်ပြီး သေနတ်ပါ ယူသွားတယ်လို့ကြားတယ်။ အဲ့နေ့ကတော့ စစ်ဆေးမှုတွေ အရမ်းတင်းကြပ်‌နေလို့ အသွားအလာတွေ ရှင်းသွားတယ် ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် နောက်ဆက်တွဲ ပြဿနာများကို အပြစ်မဲ့ပြည်သူများအနေဖြင့် ခါးစည်း ခံနေရကြောင်း မိုးကောင်းမြို့နေသူ တစ်ဦးက ထည့်သွင်းပြောသည်။

” လက်နက်ကိုင် အချင်းချင်း ပစ်ကြခတ်ကြတာ ကိစ္စမရှိပေမယ့် အခု မိုးကောင်းမြို့ပေါ်မှာ အရမ်းစစ်ဆေး တင်းကြပ်နေတယ်။ မိုးကောင်းတံတား၊ ပြီးတော့ နောက်ထက်တံတားဘက္မှာ အသွားအလာ အဝင်အထွက် အကုန်စစ်နေတယ် ” ဟု ယင်းကပြောသည်။

ကျောင်းကြိုပို့ လုပ်ဆောင်ပေးနေသည့် စစ်သည်နှစ်ဦးအား သံလွင်တည်းခိုခန်းထောင့်တွင် ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီအချိန်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ တပ်မတော်မှ ကျောင်းရှေ့လမ်းအား ပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ယင်းအပြင် မိုးကောင်းမြို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်များကလည်း ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် မြို့တွင်းလှည့်လှည်ကာ စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ PDF နှင့် နမ္မတီး PDF တို့၏ ချောင်းမြောင်းလုပ်ကြံမှုများကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အစိုးရဝန်ထမ်းနှင့် ရပ်ကျေးတာဝန်ခံတချို့တို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ပိုင်ကြီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။