Trending Now

Facebook LIVE ကနေ တိုက်ရိုက်ဈေးရောင်းချတာကို ဖျက်သိမ်း

Spread the love

Facebook LIVE ကနေ တိုက်ရိုက်ဈေးရောင်းချတာကို ဖျက်သိမ်း
EPN
မြစ်ကြီးနား၊ သြဂုတ် ၉
Facebook က လာမယ့် အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး LIVE ကနေ တိုက်ရိုက်ဈေးရောင်းချတာကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် Facebook ကို အသုံးပြုပြီး ဈေးရောင်းချနေသူတွေအတွက် သိသိသာသာ ထိခိုက်လာနိုင်တယ်ပါတယ်။
သုံးစွဲသူတွေဟာ တိုက်ရိုက်အဖြစ်အပျက်တွေကို ထုတ်လွှင့်ဖို့အတွက် Facebook Live ကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပေမယ့် ထုတ်ကုန်အစီအစဉ်တွေ၊ ကုန်ပစ္စည်းတွေကို tag တွဲပြီး ရောင်းချတာတွေ ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
ကုမ္မဏီက facebook နဲ့ instagram တို့မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဗီဒီယိုအတိုတွေ ပြုလုပ်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုဖို့ကိုပဲ အာရုံစိုက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဈေးရောင်းချနေသူတွေ အနေနဲ့ကတော့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို လူတွေကြားမှာ ပျံ့နှံ့ရောက်ရှိစေချင်တယ်ဆိုရင်တော့ facebook မှာ ပိုက်ဆံပေးပြီး ကြော်ညာဖို့ကိုပဲ အကြံပြုထားပါတယ်။
Facebook ကိုပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ကြော်ငြာကဏ္ဍကနေ တစ်နှစ်ရရှိတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။