Trending Now

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍ ပုံမှန်သွားလာနိုင်ပြီဖြစ်

Spread the love

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍ ပုံမှန်သွားလာနိုင်ပြီဖြစ်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ပဲခူးမြို့၌ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ရေပြန်လည်ကျဆင်း၍ ပုံမှန်သွား လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ရေပြန်လည်ကျဆင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် လူနေရပ်ကွက်များနှင့် ကျေးရွာများ၊ လမ်းများ၌ ရေပြန်လည်ကျဆင်း၍ ပုံမှန်အတိုင်းသွားလာရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း၊ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ရေဖုံးလွှမ်းခဲ့သည့် ရထားလမ်းပိုင်းများအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရထားသံလမ်းများ၏ ကြံ့ခိုင်မှု အခြေအနေများအား စစ်ဆေး၍ လိုအပ်သည့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက သွားရောက်၍ ရေဘေးသင့် ဒေသခံပြည်သူ အိမ်ထောင်စု ၆၂၈၂ စု၊ လူဦးရေ ၂၇၃၀၂ ဦးတို့အား ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုပုံထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။