Trending Now

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးရန် အလှူငွေနှင့်ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုအခမ်းအနား ကျင်းပပြုလုပ်

Spread the love

(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးရန် အလှူငွေနှင့်ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုအခမ်းအနား ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ မတ်လ ၃၁

လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများလှူဒါန်ပေးခဲ့သော အလှူရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုခြင်းကို မတ်လ ၃၁ ရက်နေ့ မလိခ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပါဝင်လှူဒါန်းပေးခဲ့ကြသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ပြည်ပမှပြန်လည်ရောက်ရှိလာသူများကို အထူးစောင့်ကြည့်ကြရန်နှင့် သက်ဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

၎င်းလုပ်ငန်းများအတွက် အရေးကြီးဆုံးမှာ ကာကွယ်ကုသရေးနှင့် စားဝတ်နေရေးတို့ဖြစ်ကြောင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဌ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက ဆက်လက်ပြောကြားပြီး အခမ်းအနားအစီအစဉ်အရ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

COVID-19 ရောဂါ ကာကွယ်ရေးထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များက အလှူငွေ ကျပ်သိန်း (၂၃၀၀)ကျော် လှူဒါန်းခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

သားသား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။