Trending Now

စပိန်နိုင်ငံ ဇာရာဂိုဇာပြည်နယ်မှာ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပေါ်

Spread the love

စပိန်နိုင်ငံ ဇာရာဂိုဇာပြည်နယ်မှာ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပေါ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၂

ကမ္ဘာ့တစ်ဝှမ်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး စပိန်နိုင်ငံ ဇာရာဂိုဇာပြည်နယ်မှာလည်း ဇူလိုင်လ ၆ ရက်နေ့က စတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ မိုးသီးမုန်တိုင်းတွေ ရိုက်ခတ်မှုကြောင့် လျှတစ်ပြက် ရေကြီးခြင်းနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇာရာဂိုဇာပြည်နယ်က လမ်းအများအပြား ရေနစ်မြုပ်ခဲ့ပြီး ယာဉ်မောင်းအချို့ဟာ ကားတွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။

လက်ရှိအချိန်အထိ လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုသတင်းတွေ ထွက်ပေါ်မလာသေးပေမယ့် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

အန္တရာယ်ရှိတဲ့ နေရာတွေကို အစိုးရက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ စေလွတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရှိသူတွေကို ကယ်ဆယ်ကာ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref; indiatimes


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။