Trending Now

ရခိုင်ပြည်တွင် ရေကြီးမှုဒဏ်ကြောင့် မိုးစပါးဧက ၂၀၀၀၀ ကျော်အထိ ထိခိုက်ပျက်စီး

Spread the love

ရခိုင်ပြည်တွင် ရေကြီးမှုဒဏ်ကြောင့် မိုးစပါးဧက ၂၀၀၀၀ ကျော်အထိ ထိခိုက်ပျက်စီး

EPN
ရခိုင်၊ ဩဂုတ် ၂၅

ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ပထမပတ်အတွင်းက ရေကြီးရေလျှံမှုများကြောင့် မိုးစပါးစိုက်ဧက နှစ်သောင်းကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မိုးစပါးဧက ၂၀၀၀၀ ကျော်တွင် မြောက် ဦးမြိုနယ်နှင့် ကျောက်တော်မြို့နယ်တို့၌ အများဆုံးထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” ပျိုးပင်တွေဟာ ရေလွှမ်းမိုးမှုကို ကြာကြာခံလိုက်ရတဲ့ အတွက်ကြောင့် ပျက်စီးကုန်တာ။ အခု ပျက်စီးသွားတဲ့ မိုးစပါးတွေအတွက် တောင်သူတွေကို လိုအပ်တဲ့မျိုးစပါးတွေကို ဈေးနှုန်းချိုသာစွာရောင်းချပေးနေတယ်။ တချို့တောင်သူတွေမှာ ပိုလျှံနေတဲ့ ပျိုးပင်တွေကို လိုအပ် တဲ့ တောင်သူတွေဆီ မျှဝေပေးတာတွေကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူတွေ ပူးပေါင်းလုပ် ဆောင် နေပါတယ် ” ဟု ရခိုင်ပြည်နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်ယူရီးယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးရန် စီစဉ်နေကြောင်း၊ ရေလွှမ်းမိုးမှုခံရသည့် တောင်သူများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။