Trending Now


Spread the love


EPN
မိုးညှင်း၊ မတ် ၂၄

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဘေးမဲတောအတွင်း နေထိုင်ကျက်စားလျှက်ရှိသော တွားတွားသတ္တဝါ မျိုးဖြစ်သော တွင်းအောင်းသတ္တဝါ သင်းခွေချပ်များ ကိုတရုတ်ပြည်မှဈေးကောင်းပေးဝယ်ယူမှု့များရှိခြင်းကြောင့် အင်းတော်ကြီးဒေသသဘာဝဘေးမဲ့တော ဇုန်တွင် အမဲလိုက်ခံရဆုံး သတ္တဝါအဖြစ် ပြစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဘေးမဲ့တော သဘာဝပတ်ဝန်းကျင်သားဌက်ထိန်းသိမ်းရေး သစ်တော ဦးစီး ဦးနိုင်မျိုးထွန်းက မတ်လ (၂၃)ရက်နေ့က မိုးညှင်းမြို့နယ်စာရေးဆရာအဖွဲ့မှ လှူဒန်းသော သင်းခွေချပ်ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။ 


အဆိုပါ အင်းတော်ကြီးဘေးမဲ့တော သစ်တောဦးစီးဌာန သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သားဌက်တိရိစ္ဘာန်ဘေးမဲ့တောဌာနတွင် ထိန်းသိမ်းထားသောဇုန်(၃)ခုအနက် ဇီဝအဝန်းနယ်မြေတွင် (၅၁၆.၂၈)စတုရန်းမိုင်အရှည်ရှိပြီး၊ ဘေးမဲ့တောဇုန်ကြိုးဝိုင်း အရှည်(၃၁၄.၆၇)စတုရန်းမိုင် အရှည်ရှိကာ၊ ရမ်ဆာရေဝပ်ဒေသတွင်(၁၄၄.၈၈)စတုရန်းမိုင်အရှည်ရှိကြောင်း၊ ရမိဆာရေဝပ်ဒေသတွင် ငါးမျိုးစိတ်(၉၅)မျိုးရှိကြောင်း၊ ဇီဝအဝန်းနယ်မြေတွင် ဌက်မျိုးစိတ်ပေါင်း (၂၅၄)မျိုး နေထိုင်ကျက်စားလျှက်ရှိရာ၊ သဘာဝသစ်တောကြိုးဝိုင်းအတွင်း မျောက်လွှဲကျော်များ နှင်းအခြားတိရိစ္ဆာန်များစွာကို ပြစ်ခတ်ဖမ်းဆီးမှု့ လျော့နည်းအောင် သစ်တောဦးစီးဌာနအနေဖြင့် ကင်းလှည့်ဆောင်ရွက်ခြင်းဖြင့် အင်းတော်ကြီးဘေးမဲ့တော သစ်တောဦးစီးဌာန သားဌက်တိရိစ္ဘာန် ထိန်းသိမ်းရေး သယဇာံတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနမှ စောင့်ရှောက်လျှက်ရှိကြောင်း ၎င်းဌာနမှ တာဝန်ခံ ဒေါ်နီလာပွင့်ကျော်ထံမှ သိရှိရသည်။ 

မိုးမြင့်
————————————————

အင်းတော်ကြီးဘေးမဲ့တောတွင် သင်းခွေချပ်များရှားပါးလာခြင်းသည် တရုတ်ပြည်မှ ဈေးကြီးပေးဝယ်ယူမှု့ကြောင့် အမဲလိုက်ခံရမှု့ အများဆုံးသတ္တဝါအဖြစ် ပြစ်မှတ်ထားခံနေရဟုဆို

EPN
မိုးညှင်း၊ မတ် ၂၄

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဘေးမဲတောအတွင်း နေထိုင်ကျက်စားလျှက်ရှိသော တွားတွားသတ္တဝါ မျိူးဖြစ်သော တွင်းအောင်းသတ္တဝါ သင်းခွေချပ်များ ကိုတရုတ်ပြည်မှဈေးကောင်းပေးဝယ်ယူမှု့များရှိခြင်းကြောင့် အင်းတော်ကြီးဒေသသဘာဝဘေးမဲ့တော ဇုန်တွင် အမဲလိုက်ခံရဆုံး သတ္တဝါအဖြစ် ပြစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဘေးမဲ့တော သဘာဝပတ်ဝန်းကျင်သားဌက်ထိန်းသိမ်းရေး သစ်တော ဦးစီး ဦးနိူင်မျိူးထွန်းက မတ်လ (၂၃)ရက်နေ့က မိုးညှင်းမြို့နယ်စာရေးဆရာအဖွဲ့မှ လှူဒန်းသော သင်းခွေချပ်ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။

“ကျတော်တို့ အနေနဲ့ အင်းတော်ကြီးဘေးမဲ့တောမှာရှိတဲ့ အမဲလိုက်မုဆိုးတွေက ဒီဒေသအတွင်းက မရှိဆင်းရဲလုပ်ကိုင်စားသောက်ကြသူတွေ ဖြစ်တာကြောင့် ကျနော်တို့ဌာနအနေနဲ့ ပထမအကြိမ် သတိပေးတယ်။ ဒုတိယအကြိမ် အသိပေး ပညာပေးခြင်းလုပ်ဆောင်ပါတယ်၊ နောက်ပြီးခံဝန်ထိုးခိုင်းတယ်။နောက်ဆုံးအကြိမ်အဖြစ် သူတို့လက်ထဲမှာ သားဌက်တိရိစ္ဘာန်တွေ့ရင် ဖမ်းဆီး အရေးယူပါတယ် ဟု အင်းတော်ကြီးဘေးမဲ့တော ကာကွယ်စောင့်ရှာက်သူ သစ်တောအရာရှိ ဦးနိုင်မျိုးထွန်းက ယခုလိုရှင်းပြပါတယ်။

အဆိုပါ အင်းတော်ကြီးဘေးမဲ့တော သစ်တောဦးစီးဌာန သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သားဌက်တိရိစ္ဘာန်ဘေးမဲ့တောဌာနတွင် ထိန်းသိမ်းထားသောဇုန်(၃)ခုအနက် ဇီဝအဝန်းနယ်မြေတွင် (၅၁၆.၂၈)စတုရန်းမိုင်အရှည်ရှိပြီး၊ ဘေးမဲ့တောဇုန်ကြိုးဝိုင်း အရှည်(၃၁၄.၆၇)စတုရန်းမိုင် အရှည်ရှိကာ၊ ရမ်ဆာရေဝပ်ဒေသတွင်(၁၄၄.၈၈)စတုရန်းမိုင်အရှည်ရှိကြောင်း၊ ရမိဆာရေဝပ်ဒေသတွင် ငါးမျိုးစိတ်(၉၅)မျိူးရှိကြောင်း၊ ဇီဝအဝန်းနယ်မြေတွင် ဌက်မျိုးစိတ်ပေါင်း (၂၅၄)မျိူး နေထိုင်ကျက်စားလျှက်ရှိရာ၊ သဘာဝသစ်တောကြိုးဝိုင်းအတွင်း မျောက်လွှဲကျော်များ နှင်းအခြားတိရိစ္ဆာန်များစွာကို ပြစ်ခတ်ဖမ်းဆီးမှု့ လျော့နည်းအောင် သစ်တောဦးစီးဌာနအနေဖြင့် ကင်းလှည့်ဆောင်ရွက်ခြင်းဖြင့် အင်းတော်ကြီးဘေးမဲ့တော သစ်တောဦးစီးဌာန သားဌက်တိရိစ္ဘာန် ထိန်းသိမ်းရေး သယဇံာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနမှ စောင့်ရှောက်လျှက်ရှိကြောင်း ၎င်းဌာနမှ တာဝန်ခံ ဒေါ်နီလာပွင့်ကျော်ထံမှ သိရှိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။