Trending Now

ပလက္၀-မီဇိုရမ္ ႏွစ္လမ္းသြားကားလမ္း ေဖာက္လုပ္ေနေသာ ဆုထူးစံကုမၸဏီမွ ၀န္ထမ္းမ်ားအား AA အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားက ဖမ္းဆီး

Spread the love

ပလက္၀-မီဇိုရမ္ ႏွစ္လမ္းသြားကားလမ္း ေဖာက္လုပ္ေနေသာ ဆုထူးစံကုမၸဏီမွ ၀န္ထမ္းမ်ားအား AA အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားက ဖမ္းဆီး

EPN
ပလက္၀၊ ဧၿပီ ၂

ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံဆက္သြယ္ထားသည့္ ပလက္၀-မီဇိုရမ္ႏွစ္လမ္းသြားကားလမ္းအား ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္၊ ကတ္ကူ၀ေက်းရြာအနီးအထိ တာ၀န္ယူလမ္းေဖာက္လုပ္ ေဆာင္ရြက္လ်က္ရွိသည့္ ဆုထူးစံ ကုမၸဏီ မွ ၀န္ထမ္း ၈ ဦးအား မတ္ ၃၀ ရက္တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အတင္း အဓမၼ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး ထုတ္ျပန္ခ်က္အရ သိရွိရသည္။

အဆုိပါကုမၸဏီမွ ၀န္ထမ္းမ်ားသည္ ပလက္၀ၿမိဳ႕နယ္၊ တြင္းကင္းအေလာင္းေက်းရြာ၌ အေျချပဳ၍ လမ္းလုပ္ငန္း ေဆာင္ရြက္လ်က္ရွိစဥ္ မတ္ ၃၀ ရက္တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ ၁၇၀ ဦးခန္႔ ေရာက္ရွိလာၿပီး ဦးလွမ်ိဳးေအာင္၊ ဦးေက်ာ္ထြန္း၊ ဦးေစာကိုကိုႏုိင္၊ ဦးေပၚႀကီး၊ ဦးသိန္းေဇာ္၊ ဦးသိန္ဟန္၊ ဦးထြန္းေအာင္ ေက်ာ္၊ ဦးေဇာ္မ်ိဳးသူ၊ ဦးေ၀ၿဖိဳး၊ ေဒၚႏုေခ်၊ ဦးဖိုးေက်ာ္၊ ေဒၚမုိးမုိးျမင့္၊ ဦးေဇာ္၀င္းကိုတုိ႔ ၁၃ ဦး ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားကာ လမ္းေဖာက္လုပ္ေဆာင္ရြက္ေနမႈအား ေႏွာက္ယွက္ခဲ့ ေၾကာင္း သိရသည္။

အဆိုပါဖမ္းဆီးခံရသူ ၁၃ ဦးအနက္ ပလက္၀ၿမိဳ႕နယ္၊ ယီးလာ၀ေက်းရြာေန ဦးေ၀ၿဖိဳးႏွင့္ ၎၏ဇနီး ေဒၚႏုေခ်၊ ေမာ္လၿမိဳင္ၿမိဳ႕ေန ဦးဖုိးေက်ာ္ႏွင့္ ၎၏ဇနီး ေဒၚမိုးမုိးျမင့္ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕ေန ဦးေဇာ္၀င္းကိုတုိ႔ ၅ ဦးမွာ ပလက္၀ၿမိဳ႕သုိ႔ ဧၿပီ ၁ ရက္ မြန္းလြဲ ၃ နာရီခန္႔တြင္ ျပန္လည္လြတ္ေျမာက္ေရာက္ရွိ လာခဲ့ၾကၿပီး ၎တုိ႔အား ေမးျမန္းခ်က္အရ မတ္ ၃၀ ရက္ မြန္းလြဲ ၃ နာရီခန္႔တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕ေရာက္ ရွိလာကာ ကုမၸဏီပိုင္ ဟုိုက္လတ္အျဖဴေရာင္ ကား ၁ စီး၊ ေျမေကာ္စက္ ၁ စီးႏွင့္ ဆုိင္ကယ္ ၃ စီးတုိ႔အား မီး႐ႈိ႕ဖ်က္ဆီးခဲ့ၿပီး ၎တုိ႔အား ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခဲ့ ေၾကာင္း၊ ဧၿပီ ၁ ရက္တြင္ ၎တုိ႔ ၅ ဦးအား ျပန္လည္လႊတ္ေပးခဲ့ၿပီး က်န္ ၈ ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရွိရသည္။

အဆုိပါ ပလက္၀-မီဇုိရမ္လမ္းပိုင္းသည္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံဆက္သြယ္ထားသည့္ လမ္းပိုင္းျဖစ္ကာ လမ္း ေဖာက္လုပ္ၿပီးစီးပါက ႏွစ္ႏုိင္ငံ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္လာၿပီး ေဒသဖြံ႕ၿဖိဳးလာမည္ျဖစ္သည္။ ၎ လမ္းပိုင္းေပၚတြင္လည္း ပလက္၀တံတားစီမံကိန္း ေဆာင္ရြက္လ်က္ရွိၿပီး ၎တံတားစီမံကိန္းအတြက္ အသုံး ျပဳရန္ လုိအပ္ေသာ ပစၥည္းကိရိယာမ်ား တင္ေဆာင္လာသည့္ သေဘၤာအား မတ္ ၁၆ ရက္ နံနက္ပုိင္းတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္မ်ားႏွင့္ပစ္ခတ္၍ ေရယာဥ္၀န္ထမ္းမ်ားအား ကမ္းေပၚသို႔ ေခၚေဆာင္ကာ ေရယာဥ္ကိုမီး႐ႈိ႕ဖ်က္ဆီးခဲ့သည္။

အလားတူ ပလက္၀ၿမိဳ႕နယ္၊ သာယာကုန္းေက်းရြာအုပ္စု၊ ကင္းတလင္းႏွင့္ ခေမာင္း၀ ေက်းရြာတုိ႔မွ မူလတန္း ေက်ာင္းသား၊ ေက်ာင္းသူ ၃၈ ဦးအပါအ၀င္ ရခိုင္တုိင္းရင္းသားမ်ားႏွင့္ အျခားတုိင္းရင္းသား စုစုေပါင္း ၂၀၀ ခန္႔အား AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕က ေဖေဖာ္၀ါရီ ၃ ရက္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ အတင္း အဓမၼလူသစ္ စုေဆာင္း ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
———————————————

ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အကြမ်းဖက်သောင်းကျန်းသူ များက ဖမ်းဆီး

EPN
ပလက်ဝ၊ ဧပြီ ၂

မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်းအား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝကျေးရွာအနီးအထိ တာဝန်ယူလမ်းဖောက်လုပ် ဆောင်ရွက်လျက်ရှိသည့် ဆုထူးစံ ကုမ္ပဏီ မှ ဝန်ထမ်း ၈ ဦးအား မတ် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများသည် ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၁၇၀ ဦးခန့် ရောက်ရှိလာပြီး ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်ဟန်၊ ဦးထွန်းအောင် ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်၊ ဦးဇော်ဝင်းကိုတို့ ၁၃ ဦး ကို ဖမ်းဆီးချုပ်နှောင်ထားကာ လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအား နှောက်ယှက်ခဲ့ ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ၅ ဦးမှာ ပလက်ဝမြို့သို့ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက်ရောက်ရှိ လာခဲ့ကြပြီး ၎င်းတို့အား မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ရောက် ရှိလာကာ ကုမ္ပဏီပိုင် ဟိုက်လတ်အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနှင့် ဆိုင်ကယ် ၃ စီးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ၅ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပလက်ဝ-မီဇိုရမ်လမ်းပိုင်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ကာ လမ်း ဖောက်လုပ်ပြီးစီးပါက နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးလာမည်ဖြစ်သည်။ ၎င်း လမ်းပိုင်းပေါ်တွင်လည်း ပလက်ဝတံတားစီမံကိန်း ဆောင်ရွက်လျက်ရှိပြီး ၎င်းတံတားစီမံကိန်းအတွက် အသုံး ပြုရန် လိုအပ်သော ပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များနှင့်ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်း၀ ကျေးရွာတို့မှ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးအပါအဝင် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်အား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အတင်း အဓမ္မလူသစ် စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။