Trending Now

ပြင်သစ် မငြိမ်မသက်မှုအတွင်း လူပေါင်း ၄၅၇ ဦး ဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၄၁ ဦး ဒဏ်ရာရရှိခဲ့

Spread the love

ပြင်သစ် မငြိမ်မသက်မှုအတွင်း လူပေါင်း ၄၅၇ ဦး ဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၄၁ ဦး ဒဏ်ရာရရှိခဲ့

EPN
နိုင်ငံတကာ၊ မတ် ၂၄

ပြင်သစ်သမ္မတ မက်ခရွန်းရဲ့ ပင်စင်လစာ ပြုပြင်ပြောင်းလည်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲအတွင်း ကြာသာပတေးနေ့က လူပေါင်း ၄၅၇ ဦး ဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့အဆိုအရ ဇန်နဝါရီလကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဆန့်ကျင်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး ပါရီမြို့က လမ်းမတွေပေါ်မှာ အမိုက်ပုံ ၉၀၃ ပုံ မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ကဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော လူတွေက လမ်းဘေးမှာရှိတဲ့ ဆိုင်ပြတင်းပေါက်တွေကို ဖျက်ဆီးခဲ့ကြသလို McDonald’s ဆိုင်တစ်ဆိုင်ကို ဖျက်ဆီးခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ ဖြိုခွင်းခဲ့ရပါတယ်။

အစိုးရက အငြိမ်းစားယူရမယ့် အသက်ကို ၆၄ နှစ်အထိ တိုမြှင့်လိုက်တဲ့ ဥပဒေပြဌန်းပြီး ရက်ပိုင်းအကြာမှာ ဆရာတွေနဲ့ ဆရာမတွေ အပါအဝင် ရာထူးက နှုတ်ထွက်တဲ့ ဝန်ထမ်းတွေ အများအပြား ရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Ref; Bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။