Trending Now

မြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်အမျိုးသားနဲ့ အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူတစ်ဦး အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရ

Spread the love

မြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်အမျိုးသားနဲ့ အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူတစ်ဦး အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရ

EPN

မြစ်ကြီးနား ၊ ဧပြီ ၈

မြန်မာအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မျိုးသားနဲ့ အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် ဧပြီလ ၆ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးသတင်းဌာနမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အုတ်ပုံစုရပ်ကွက်နေ မဖြူဖြူလှိုင်မှ တိုက်ကြီးမြို့နယ်ရှိ အမျိုးသမီးနှစ်ဦးအား တရုတ်နိုင်ငံရှိ အထပ်သား စက်ရုံတွင် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၂၀ ခန့် ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူကုန်ကူးရန်စီစဉ်ခဲ့သူ မဖြူဖြူလှိုင်အား တိုက်ကြီးမြို့မရဲစခန်း (ပ)၅၉၄ / ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဧပြီ ၆ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။