Trending Now

အမေရိကန်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သေနတ်သမားကို ထောင်ဒဏ် တစ်သက်ချမှတ်

Spread the love

အမေရိကန်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သေနတ်သမားကို ထောင်ဒဏ် တစ်သက်ချမှတ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်းတွင် ကျောင်းသားနှင့် ဝန်ထမ်း ၁၇ ဦးကို မောင်းပြန်ရိုင်ဖယ်ဖြင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂ ရက် တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် အမေရိကန်သမိုင်းတွင် လူအသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်သည့်အတွက် လွတ်ငြိမ်းခွင့်မပေးဘဲ အသက် ၂၄ နှစ်အရွယ် နီကိုလပ် ခရုဇ် ကို သေဒဏ်ချမှတ်ရန်အတွက် ဂျူရီအဖွဲ့က ပြီးခဲ့သည့်လတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၂ ရက်နေ့တွင် ခရုဇ်ကို ထောင်ဒဏ်ချမှတ်ရန်အတွက် တရားသူကြီး ၁၂ ဦး က စီရင်ချက်ချမှတ်ခဲ့သည့်အတွက် သေဆုံးသူများ၏ ဆွေမျိုးသားချင်း အများအပြားသည် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ခရုဇ်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြိုတင်ကြံစည်လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် သုံးလကြာ ပြစ်ဒဏ်စီရင်ချက်နှင့် ရင်ဆိုင်ခဲ့ရသည်။

ကမ္ဘာပေါ်တွင် ကိုယ်ပိုင်သေနတ်ပိုင်ဆိုင်နိုင်မှုနှုန်း အမြင့်မားဆုံးဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ ထပ်တလဲလဲ ဖြစ်ပွားနေပြီး လူငယ်များအတွက် ပိုမိုတင်းကျပ်သည့် သေနတ်ကိုင်ဆောင်မှု စည်းမျဉ်းများ လိုအပ်နေသည်။

— ကိုးကား —
AFP
Ref; Florida school mass shooter sentenced to life in prison


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။