Trending Now

အာရှမှာ ကြီးမားတဲ့ စီးပွားရေး လှုပ်ခတ်မှု သုံးခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ပြော

Spread the love

အာရှမှာ ကြီးမားတဲ့ စီးပွားရေး လှုပ်ခတ်မှု သုံးခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၅

အာရှတိုက်ရှိ နိုင်ငံတွေဟာ အခုနှစ်အတွင်း ကြီးမားတဲ့ စီးပွားရေး လှုပ်ခတ်မှု သုံးခုကို ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ယနေ့ ပြောဆိုလိုက်ပါတယ်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ (EAP) ရဲ့ ဖွံဖြိုးတိုးတက်မှုဟာ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုခဲ့ပြီး လူပေါင်း ၆ သန်းခန့်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ပထမအချက်အနေနဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှာ ထပ်တလဲလဲဖြစ်ပွားနေတဲ့ Covid-19 မုန်တိုင်းဒဏ်ကို ခံနေရတာကြောင့် စီးပွားရေး တိုးတက်မှု နိမ့်ကျပြီး ဆင်းရဲမွဲတေမှု ပိုများလာမယ်လို့ ကမ္ဘာ့ဘဏ်က ဒေသတွင်း နောက်ဆုံးသတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့တာပါ။

ဒုတိယအချက်အနေနဲ့ကတော့ အမေရိကန်ရဲ့ မြင့်တက်လာသော ဘဏ်တိုးနှုန်းတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရင်းအနှီးဆိုင်ရာ ငွေကြေး ဖိအားဖြစ်စေနိုင်တဲ့အတွက် အချိန်မတန်မီ ငွေကြေးတင်းကျပ်မှုနဲ့ တိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းစစ်ပွဲက ထွက်ပေါ်လာတဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံတကာ စားသောက်ကုန်နဲ့ လောင်စာဆီ ဈေးနှုန်းတွေ တိုးမြင့်လာလို့ အာရှမှာ စီးပွားရေး တိုးတက်မှုကို ထိခိုက်စေနိုင်ဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။

တရုတ်ရဲ့ ဈေးကွက်ကို ဦးတည်နေတဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ တွေဟာ ပိုမိုထိခိုက်ခံစားရနိုင်ဖွယ်ရှိနေပြီး ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုဗစ် ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးစီးပွားရေး ကျဆင်းမှုတွေကို မြင်နေရတယ်လို့ ကမ္ဘာဘဏ်ကပြောဆိုခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး ဗဟိုချက် နဲ့ ကမ္ဘာ့ အကြီးဆုံး ကွန်တိန်နာ ဆိပ်ကမ်းတည်ရှိရာ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ ပြည်သူ ၂၅ သန်းကို အဏာပိုင်တွေက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားရပြီး စက်ရုံတွေနဲ့ သင်္ဘောဆိပ်ကမ်းတွေမှာ လဲ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

Source – CNN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။