Trending Now

ဖားကန့်မြို့နယ်တွင် ကျောင်မိုင်းခွဲရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဦးခေါင်းခဲထိမှန်ကာ သေဆုံး

Spread the love

ဖားကန့်မြို့နယ်တွင် ကျောင်မိုင်းခွဲရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဦးခေါင်းခဲထိမှန်ကာ သေဆုံး

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်က မနကျေးရွာနှင့် ဆိုင်းဂျာဘွမ် ကျေးရွာကြား ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်မိုင်းခွဲရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲစ ဦးခေါင်းထိမှန်ကာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူအပါအဝင် ၎င်း၏ မိတ်ဆွေ ၂ဦး နှင့် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေနေစဥ် ကုမ္ပဏီမှ ကျောက်မိုင်းခွဲခဲ့ရာ ထွက်ပေါ်လာသည့် ကျောင်းခဲ့စကြောင့် သေဆုံးသူ၏ ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

” ကျနော်တို့ ကော အခုသေသွားတဲ့ သူကော က ကျောက်ရှာနေကြတာ ၊ ကုမ္ပဏီကတော့ ကျောက်မိုင်းခွဲမယ်လို့လှမ်းအော်တယ် ၊ ချက်ချင်းပဲ ပုံမဲ့နေရာတွေရှာကြတယ်၊ ကျောက်မိုင်းလဲခွဲလိုက်ရော သူရဲ့ ခဲတည့်တည့်ကို ကျောက်ခဲ့လုံးထိမှန်သွားတာ၊ ချက်ချင်းပဲ လည်းကျပြီး သေသွားတယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါသေဆုံးသူမှာ ဆန်းကြွယ်ရပ်ကွက် ၊ အပိုင်း ၃ တွင် နေထိုင်သူ အသက် ၄၆ အရွယ်ရှိ ဦးသန်းနိုင်ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို လူမှုကူညီရေးအသင်းမှ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဖားကန်မြို့နယ်တွင် ရေမဆေးကျောက်ရှာဖွေရင်း အသက်သေဆုံးခဲ့ရသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်းဘဇံကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုအတွင်း ကျောက်ရှာဖွေနေစဥ် မြေစာပြိုကြကာ ရေမဆေးကျောက်ရှာဖွေသူ ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။