Trending Now

ရေကြည်မြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

Spread the love

ရေကြည်မြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

EPN
ရေကြည် ၊ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့နယ်တွင် အစည်း အဝေးမှပြန်လာသည့်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး စက်တင်ဘာ ၁၄ ရက် ညနေပိုင်းကသေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့ရကြောင်းသိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သွားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူးဆိုသူဖြစ်ပြီး မြို့ပေါ်သို့အစည်းအဝေးသွားပြီး ဆိုင်ကယ်မောင်းပြန်လာစဉ် ကျုံတာကျေးရွာအနီး မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

”အုန်းကနဲ့ ကြားလို့ လှမ်းကြည့်တော့ အပစ်ခံရတဲ့ ဆိုင် ကယ်က လဲကျနေပြီ ပစ်တဲ့သူတွေကမောင်းသွားပြီ ၊ အမျိုးသား ၂ ဦးက အုပ်ကြီးရဲ့ ဆိုင်ကယ်ကိုတားပြီး သေနတ်နဲ့ ပစ်သွားတာ ၊ အုပ်ကြီးက အစည်းအဝေး ကပြန်လာတဲ့ ဦးတာဘူးတဲ့ ၊ ဇရပ်လှကျေးရွာအုပ်ကြီးပါ ၊ တစ်ခါတည်း ဖြစ်တဲ့နေရာမှာပဲ သေသွားတယ် ၊ ရဲတွေနဲ့ စစ်တပ်က အခင်းဖြစ်နေရာက အိမ်တွေကို မွှေးနှောက်ရှာနေတယ်။”ဟု အခင်းဖြစ်နေရာအနီး ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးဆိုသူသည် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေရာကို ရဲတပ်ဖွဲ့နှင့် စစ်တပ်မှလာရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားသည့် ပတ်ဝန်းကျင်မှ နေအိမ်များကိုလည်း စစ်ဆေးသွားကြောင်း သိရသည်။

”အုန်းဒိုင်းဆို ပစ်သွားတာ ၊ ခဏအကြာ သေနတ်တွေ ကိုင်ထားတဲ့ ရဲတွေရောက်လာပြီ ကျွန်မတို့ အိမ်တွေကို စစ်ဆေးတော့တာပဲ၊ ရေမရှိတဲ့ အိုးတွေထဲတောင် စစ်တယ် ၊ တစ်ခါမှမကြုံဖူးတော့ကြောက်တယ် ၊ မြင်တာတော့ အကုန်ပြောလိုက်တယ်လေ ၊သေနတ်သမား တွေက မျက်နှာဖုံးစွပ်ထားတော့ ဘယ်သူဆိုတာမသိဘူး။”ဟု စစ်ဆေးခံရသည့်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်က ကြံ့ခိုင်ရေးပါတီဝင် ၊ မှုခင်းသတင်းထောက်တစ်ဦးနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ကျော်ဇံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ်တို့ကို အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့်ပစ်သတ်သွားခဲ့သေးကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။