Trending Now

ဂါဇာကလူတွေ အငတ်ဘေးကြုံဖို့ လက်တစ်ကမ်းပဲလိုတော့တယ်လို့ ကုလသတိပေး

Spread the love

ဂါဇာကလူတွေ အငတ်ဘေးကြုံဖို့ လက်တစ်ကမ်းပဲလိုတော့တယ်လို့ ကုလသတိပေး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေအကြား အစ္စရေးတပ်ဖွဲ့တွေက သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်ဆောင်နေတာကြောင့် ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေဟာ အငတ်ဘေးနဲ့ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

အစ္စရေးစစ်တပ်က သူ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ရိုက်ထားတဲ့ ဗီဒီယိုတွေအပြင် ဟားမတ်စ်ရဲ့ လက်နက်ထုတ်လုပ်ရေးနဲ့ သိုလှောင်ရုံတွေ နဲ့ ဟားမတ်စ်တွေ အသုံးပြုခဲ့တဲ့လက်နက်‌တွေလို့ ယူဆရတဲ့အရာတွေရဲ့ဓာတ်ပုံကို လူမှုမီဒီယာမှာ တင်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေပြီး အဲဒီက လူဦးရေရဲ့ လေးပုံတစ်ပုံ(၅၇၆,၀၀၀)ဟာ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ကြုံရဖို့လက်တစ်ကမ်းလောက်ပဲလိုတော့တယ်လို့ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ကာတာနဲ့တခြားနိုင်ငံတွေရဲ့ စေ့စပ်ညှိနှိုင်းမှုအောက်မှာ တိုက်ပွဲတွေ ခေတ္တခဏ ရပ်ဆိုင်းရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်ပြီးလုပ်ဆောင်နေပေမယ့် သဘောတူညီချက် မရသေးဘူးလို့ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲအတွင်း ပါလက်စတိုင်း အနည်းဆုံး ၂၉၈၇၈ ဦး သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံမှာလည်း လူပေါင်း ၁၁၃၉ ဦး သေဆုံးကာ အခြား ၂၅၃ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။