Trending Now

ဖားကန္႔ေဒသတြင္ ရပ္ရြာအေျချပဳ မူးယစ္ေဆးအဆိပ္ေျဖကုသေရးနွင့္ ျပန္လည္ထူ ေထာင္ေရးသင္ တန္းဖြင့္လွစ္

Spread the love

ဖားကန္႔ေဒသတြင္ ရပ္ရြာအေျချပဳ မူးယစ္ေဆးအဆိပ္ေျဖကုသေရးနွင့္ ျပန္လည္ထူ ေထာင္ေရးသင္ တန္းဖြင့္လွစ္
EPN
ဖားကန္႔၊ ေဖေဖာ္ဝါရီ၂၂

ဖားကန္႔ၿမိဳ႕နယ္၊လံုးခင္းအုပ္စု၊မဒဲ႔န္ယန္(ေမွာ္ပံု)ေက်းရြာတြင္ ရပ္ရြာအျချပဳမူးယစ္ေဆးအဆိပ္ေျဖကုသ ေရးနွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းဖြင့္ပြဲကို
ေဖေဖာ္ဝါရီ(၂၂)ရက္ နံနက္(၁၀း၀၀)နာရီအခ်ိန္က က်င္းပျပဳလုပ္သည္။
အဆိုပါအခမ္းအနားသို႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔မွ သယံဇာတနွင့္သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္း ေရးဝန္ႀကီးဌာန၊ ဝန္ႀကီးဦးဒါရွီလဆိုင္းမွ အဖြင့္အမွာစကားေျပာၾကားေပးသည္။ ထို႔ေနာက္ သင္တန္း ဖြင့္လွစ္ရျခင္း ရည္ရြယ္ခ်က္ အေၾကာင္းအရာမ်ားကိုေတာ့ ျပန္လည္ထူေထာင္ေရး ဦးစီးဌာန ၊ ညႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးဝင္းနိုင္ထြန္းမွ ေျပာၾကားသည္။
ထို႔ေနာက္ ရပ္ရြာအေျချပဳ မူးယစ္ေဆးအဆိပ္ေျဖကုသေရးနွင့္ ျပန္လည္ထူေထာင္ေရး သင္တန္းဖြင့္ လွစ္သည့္အတြက္ ရပ္ရြာျပည္သူလူထုကိုယ္စား ေဒသခံတဦးမွ ေက်းဇူးတင္စကားျပန္ လည္ေျပာၾကား ေပးခဲ့သည္။
အဆိုပါသင္တန္းတြင္ မူးယစ္ေဆးစြဲရာမွ ျပန္လည္ထူေထာင္ရန္အတြက္ စာရင္းေပးကုသသူ (၃၀) ေယာက္နွင့္ အနီးကပ္ႀကီးႀကပ္ေစာင့္ေရွာက္သူူ(၆)ဦးမွ ျပဳစုကုသေပးေနၿပီး သင္တန္းကာလအားျဖင့္ (၃၅)ရက္ ၾကာျမင့္မည္ျဖစ္ေၾကာင္းသိရသည္။
ဖားကန္႔ေဒသတြင္ မူးယစ္ေဆးစြဲရာမွ ျပန္လည္ထူေထာင္ရန္အတြက္ ကုသမႈခံယူလိုသူ မ်ားျပားသျဖင့္ အဆိုပါ ရပ္ရြာအေျချပဳမူးယစ္ေဆးအဆိပ္ေျဖကုသေရးနွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းမ်ား ဆက္လက္ဖြင့္လွစ္သြားမည္ဟု တာဝန္ရွိသူမ်ားထံမွသိရသည္။
မူးယစ္ေဆးစြဲသူမ်ားျပန္လည္ထူေထာင္ရန္အတြက္ သင္တန္းအေထြေထြကုန္က်စရိတ္ က်ပ္သိန္း (၂၀၀) ခန္႔ရွိရာ၊ဖားကန္႔ၿမိဳ႕ရွိ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းမွ မတည္လွဴဒါန္းလုပ္ေဆာင္ေပး ေၾကာင္းသိရသည္။
ေနာင္ရိုး
——————————————–
ဖားကန့်ဒေသတွင် ရပ်ရွာအခြေပြု မူးယစ်ဆေးအဆိပ်ဖြေကုသရေးနှင့် ပြန်လည်ထူ ထောင်ရေးသင် တန်းဖွင့်လှစ်
EPN
ဖားကန့်၊ ဖေဖော်ဝါရီ၂၂
ဖားကန့်မြို့နယ်၊လုံးခင်းအုပ်စု၊မဒဲ့န်ယန်(မှော်ပုံ)ကျေးရွာတွင် ရပ်ရွာအခြပြုမူးယစ်ဆေးအဆိပ်ဖြေကုသ ရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဒါရှီလဆိုင်းမှ အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အကြောင်းအရာများကိုတော့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ၊ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းမှ ပြောကြားသည်။
ထို့နောက် ရပ်ရွာအခြေပြု မူးယစ်ဆေးအဆိပ်ဖြေကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့် လှစ်သည့်အတွက် ရပ်ရွာပြည်သူလူထုကိုယ်စား ဒေသခံတဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြား ပေးခဲ့သည်။
အဆိုပါသင်တန်းတွင် မူးယစ်ဆေးစွဲရာမှ ပြန်လည်ထူထောင်ရန်အတွက် စာရင်းပေးကုသသူ (၃၀) ယောက်နှင့် အနီးကပ်ကြီးကြပ်စောင့်ရှောက်သူူ(၆)ဦးမှ ပြုစုကုသပေးနေပြီး သင်တန်းကာလအားဖြင့် (၃၅)ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ဖားကန့်ဒေသတွင် မူးယစ်ဆေးစွဲရာမှ ပြန်လည်ထူထောင်ရန်အတွက် ကုသမှုခံယူလိုသူ များပြားသဖြင့် အဆိုပါ ရပ်ရွာအခြေပြုမူးယစ်ဆေးအဆိပ်ဖြေကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု တာဝန်ရှိသူများထံမှသိရသည်။
မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရန်အတွက် သင်တန်းအထွေထွေကုန်ကျစရိတ် ကျပ်သိန်း (၂၀၀) ခန့်ရှိရာ၊ဖားကန့်မြို့ရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ မတည်လှူဒါန်းလုပ်ဆောင်ပေး ကြောင်းသိရသည်။
နောင်ရိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။