Trending Now

အမေရိကန်က ထိုင်ဝမ် နဲ့ ပူးတွဲလက်နက်ထုတ်လုပ်ဖို့ စဉ်းစားနေ

Spread the love

အမေရိကန်က ထိုင်ဝမ် နဲ့ ပူးတွဲလက်နက်ထုတ်လုပ်ဖို့ စဉ်းစားနေ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀

အမေရိကန် အစိုးရက ထိုင်ဝမ်နဲ့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်မယ့် အစီအစဉ်ကို စဉ်းစားနေတယ်လို့ စီးပွားရေး ခေါင်းဆောင်တစ်ယောက်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ မှန်ကန်ကြောင်း အမေရိကန်-တိုင်ပေ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ရူပါ့ဟမ်မန့်က အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်လာမယ့် အခြေအနေကို ထိမ်းချုပ်နိုင်စေဖို့နဲ့ အမေရိကန် လက်နက်လွဲပြောင်းမှုကို အရှိန်မြင့်တင်ဖို့ ရည်ရွယ်တဲ့ မဏာမခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ပူးပါင်းထုတ်လုပ်ဖို့ ဘယ်လိုလက်နက်တွေကို ထုတ်လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပေမယ့် ဒုံးကျည်နည်းပညာများ ပေးအပ်သွားဖို့ ရှိနေကြောင်းနဲ့ ဒီလှုပ်ရှားမှုအတွက် နိုင်ငံတော်နဲ့ ကာကွယ်ရေး ဌာနတွေက ပူးတွဲထုတ်လုပ်ခွင့်လိုင်စင် တွေရရှိဖို့လိုအပ်မယ်လို့ အမေရိကန်-တိုင်ပေ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ရူပါ့ဟမ်မန့်က ပြောဆိုခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားပေးမှုတွေ တိုးမြင့်လာတာကြောင့် အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂၀ ဘီလီယံကျော်တန်ကြေးရှိတဲ့ လက်နက်တွေ ရောင်းချပေးဖို့ ၂၀၁၇ ခုနစ်ကတည်းကအတည်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ယူကရိန်းစစ်ပွဲနဲ့ လက်နက်ဝယ်လိုအား တိုးမြင့်လာခြင်းတွေကြောင့် အမေရိကန်က ထိုင်ဝမ်ကို ထောက်ပံ့ရမယ့် လက်နက်တွေဟာ နောက်ကျနေတယ်လို့ ထိုင်ဝမ်နဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်တို့က သတိပေးထားပါတယ်။

အမေရိကန်က ထိုင်ဝမ်မှာ လက်နက်ထုတ်လုပ်ဖို့ နည်းပညာပံ့ပိုးကာ ထိုင်ဝမ်ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး လက်နက် ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့ နစ်ကီ အာရှ သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနကတော့ မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။

— ကိုးကား —
CNA
Ref; US considering joint weapons production with Taiwan
No photo description available.

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။