Trending Now

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ကုသမှုခံယူရသူ ကျောင်းသားများအတွက် ဆေးရုံစာဖြေဌာန ၃ ခုဖွင့်လှစ်မည်

Spread the love

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ကုသမှုခံယူရသူ ကျောင်းသားများအတွက် ဆေးရုံစာဖြေဌာန ၃ ခုဖွင့်လှစ်မည်

EPN

မြစ်ကြီးနား ၊ မတ် ၁၂

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ကုသမှုခံယူရသူ ကျောင်းသား/ ကျောင်းသူများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ဆေးရုံစာဖြေဌာန ၃ ခုဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယင်းသို့ ဆေးရုံစာဖြေဌာန ၃ ခုဖွင့်လှစ်ရခြင်းမှာ ဆေးရုံးတက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန်ဖြစ်ပြီး စာစစ်ဌာနများကို ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံနှင့် ဗဟိုအမျိုးသမီးဆေးရုံတို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ကြောင့် ဆေးရုံတက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများအနေဖြင့် အဆိုပါဆေးရုံများရှိ ဆေးလူမှုဆက်ဆံရေးဌာနတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၁၂၅၆ ခု၌ ဖြေဆိုမည့်သူ စုစုပေါင်း ၃ သိန်းကျောင်းရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။