Trending Now

ဟိုင်းကြီးကျွန်းမြို့နယ်ကို မုန်တိုင်းဝင်မယ့် အတွက် ဒေသခံတွေ စိုးရိမ်နေ

Spread the love

ဟိုင်းကြီးကျွန်းမြို့နယ်ကို မုန်တိုင်းဝင်မယ့် အတွက် ဒေသခံတွေ စိုးရိမ်နေ

EPN
ဟိုင်းကြီးကျွန်း၊ မတ်လ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ကို ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာစတင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားတဲ့အတွက် ဟိုင်းကြီးကျွန်း ဒေသခံပြည်သူတွေမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“မုန်တိုင်းသတင်းက လီမ္မော်ရောင်အဆင့် တိုးပြီး သတ်မှတ်ထားတယ် ကျွန်တော်တို့ဘက်ကို ဝင်မယ်လို့ သတင်းတွေဖတ်ရတွေ့ရတော့ကြောက်တယ်။ အိမ်က မိန်းမဆို နာဂတ်တုန်းကကိုယ်တွေ့ကြုံခဲ့ရတော့
အခုဆိုတော်တော် စိုးရိမ်နေတယ်။ ဒီမနက်မိုးတွေကလည်း ရွာတာ တိတ်ကို မတိတ်ဖူးရွာနေတယ်။ ရှောင်ဖို့ကလည်း မနက်ကမှ မုန်တိုင်းသတင်းဖတ်ရတယ်။ရှယ်တာတွေနဲ့ ကျွန်တော်တို့အိမ်နဲ့ကလည်း အရမ်းဝေးတော့တော်တော်ခက်နေတယ်။ ဘုန်းကြီးကျောင်းကိုသွားနေဖို့တော့ ပြင်နေတယ်။”လို့ ဟိုင်းကြီးကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ စတင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းတဲ့ဆိုင်ကလုန် မုန်တိုင်းဖြစ်အားကောင်းလာပြီး ဟိုင်းကြီးကျွန်းမြို့နယ်ကို မတ်လ ၂၂ ရက် နံနက်ပိုင်းမှာ စတင်ရောက်ရှိလာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မတ်လ ၂၁ ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီပတ်သက်လို့ မုန်တိုင်းမကျရောက်မီ ကြိုတင်သတိပေးချက်တွေ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေနဲ့ မုန်တိုင်းကျရောက်ပြီးရင် တုန့်ပြန်ဆောင်ရွက်ဖို့ ကူညီကယ်ဆယ်ဖို့လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင် ထားတယ်လို့ ဟိုင်းကြီးကျွန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

 

“အားကောင်းတဲ့မုန်တိုင်းငယ်နဲ့ပတ်သက်လို့ ပြည်သူတွေ အနေနဲ့ သတိနဲ့နေထိုင်ဖို့လို့တယ်။ ပြည်သူတွေအနေနဲ့ ကုန်းမြင့်ပေါ်တွေမှာ နေထိုင်ဖို့လိုအပ်တယ်။ လက်ရှိလည်း မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ကြိုတင် သတိပေးတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်နေတယ်။”လို့ ဟိုင်းကြီးကျွန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီအားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာ စိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးတချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်က ဧရာဝတီတိုင်းဒေသကြီးမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီသေဆုံးခဲ့ပြီး လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ပြင်စလူမြို့နယ်နဲ့ ဘိုကလေးမြို့နယ် တို့မှာ လူတွေသေဆုံးမှု အများဆုံး သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။