Trending Now

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် Level 1 အဆင့်မီးလောင်မှု ယမန်နေ့ညက ဖြစ်ပွား

Spread the love

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် Level 1 အဆင့်မီးလောင်မှု ယမန်နေ့ညက ဖြစ်ပွား

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ-၇

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့ နယ်ရှိ နေအိမ်များတွင် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်၊ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းဝင်များထံမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီ ၅၂ မိနစ်ခန့်က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၀)ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ နေအိမ်များတွင် မီးလောင်မှု ဖြစ်ပွားနေသဖြင့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးငြှိမ်းသွားခြင်းမရှိ၍ ည ၁၁ နာရီ ၅၈ မိနစ်၌ Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့မှုကြောင့် ည ၁၂ နာရီ ၁၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၁၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့၍ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၁ နာရီ ၂၆ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နေ့လည် ၁ နာရီ ၃၅ မိနစ်၌ မီးငြိမ်းသွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။