Trending Now

ဝိုင်းမော်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားခွဲရုံသစ် တည်ဆောက်ပြီးစီးမူအပေါ် လျှပ်စစ်ဓါတ်အားအမြန်ဆုံး ဖြန့်ဖြူးပေးနိုင် ရေးအတွက် သယံဇာတရေးရာ ဝန်ကြီးမှာကြား

Spread the love

ဝိုင်းမော်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားခွဲရုံသစ် တည်ဆောက်ပြီးစီးမူအပေါ် လျှပ်စစ်ဓါတ်အားအမြန်ဆုံး ဖြန့်ဖြူးပေးနိုင် ရေးအတွက် သယံဇာတရေးရာ ဝန်ကြီးမှာကြား

EPN
ဝိုင်းမော် ၊စက်တင်ဘာ ၈

ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓါတ်အာ ဖြန့်ဖြူးရေးလုပ်ငန်းတွင် 33/11KV (10)MVA ဓါတ်အား ခွဲရုံ အသစ် တည်ဆောက်ပြီးစီမူအား ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး သွားရောက်ကြည့်ရှုှု့ခဲ့ပြီး အမြန်ဆုံးဖြန့်ဖြူးပေးနိုင်ရေးအတွက် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားခွဲရုံမှာ ဝိုင်းမော်မြို့နယ် ရပ်ကွက်(၃) တွင်တည်ရှိပြီး ပြည်နယ်အစိုးရ ရန်ပုံငွေ ၆၈၀ ဒဿမ ၀၃၇ကျပ်သန်းဖြင့် အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဝိုင်းမော်မြို့ ရပ်ကွက် (၃)မှာ 33/11KV (10)MVA ဓါတ်အားခွဲရုံအသစ်တည်ဆောက်ပြီးစီးခဲ့ပါပြီ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ တည်ဆောက်တာဖြစ်ပါတယ် လာမယ့် ဒီဇင်ဘာမှာ စတင်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးသွာမှာဖြစ်တယ် “ဟု ဝိုင်းမော်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဝိုင်းမော်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား သုံးစွဲသူ ဦးရေ တစ်သောင်းကျော် ရှိပြီး အသစ်တည်ဆောက်ပြီးစီးသည့် 33/11KV (10)MVAဓါတ်အာခွဲရုံ မှ ထပ်မံဖြန့်ဖြူးမည်ဆိုပါက လျှပ်စစ်သုံးစွဲသူ ဦးရေ တစ်သောင်းကျော်ကို ထပ်မံဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။