Trending Now

တာချီလိတ်သုဿန်တွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိ

Spread the love

တာချီလိတ်သုဿန်တွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ သုဿန်တစ်ခုတွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစမိန်းကလေးငယ်တစ်ဦးကို စတင်ဘာ ၂၆ ရက်နေ့ ည ၇ ရီခန့်က တွေ့ရှိခဲ့ကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကလေးငယ်ကို ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းက သွားရောက်ခေါ်ယူခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ကာ ၎င်းတို့တာဝန်ယူထားသည့် မိုးမေတ္တာပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာတွင် ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကလေးငယ်မှာ အသားအနည်းငယ်ဝါနေသည့်အတွက် ဆရာဝန်နှင့်ပြသနေရကြောင်းနှင့် နောက်နှောင်ယခုကဲသို့ ဖြစ်စဉ်များ မဖြစ်ပွားစေရန်အတွက် တာဝန်မယူနိုင်သည့် မိဘများအနေဖြင့် ကလေးငယ်များကို စွန့်ပစ်ခြင်းမပြုလုပ်ဘဲ မိုးမေတ္တာပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာ သို့ လာရောက်ပို့ဆောင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ကေကေ
ဓာတ်ပုံ – ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။