Trending Now

မတ္တရာမှာ ကောက်စိုက်နေတဲ့ တောင်သူ ၁ ဦး ပစ်သတ်ခံရ

Spread the love

မတ္တရာမှာ ကောက်စိုက်နေတဲ့ တောင်သူ ၁ ဦး ပစ်သတ်ခံရ
EPN
မတ္တရာ ၊ စက်တင်ဘာ ၃
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ ရှားစေးချက်ကြီးကျေးရွာက လယ်ခင်းထဲမှာ မနေ့ စက်တင်ဘာ ၂ ရက် ၊ ညနေ ၃နာရီ ဝန်းကျင်က ကောက်စိုက်နေတဲ့ တောင်သူ ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကောက်စိုက်ရင်း ပစ်သတ်ခံရသူက ရှားစေးချက်ကြီးရွာက တောင်သူ ဦးအောင်ဖြိုး အသက် ၃၃ နှစ်ဖြစ်တယ် ၊ သူက မိသားစုနဲ့အတူ လယ်ထဲမှာ ကောက်စိုက်နေတဲ့အချိန် အကြမ်းဖက်သမား ၂ ယောက်က ရောက်လာပြီး သေနတ်နဲ့ ပစ်တာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုကြောင့် ဦးအောင်ဖြိုးမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးသွားတဲ့အတွက် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ် ၂၉ ရက် ညနေပိုင်းကလည်း မတ္တရာမြို့၊ ရေကြည်ကျေးရွာအုပ်စု ၊ တောခေါင်းကျေးရွာမှာနေတဲ့ မနှင်းစုလှိုင် အသက် ၂၅ နှစ် ဆိုသူဟာ သူ့အမေနဲ့အတူ သံတိုသံစဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်အလာ ကင်းကျေးရွာ အဝင်နေရာမှာ အကြမ်းဖက်သမား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဦးခေါင်း ကျည်ဆံထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ် ၂၇ ရက် ၊ မနက် အစောပိုင်း ၄ နာရီဝန်းကျင်မှာ မတ္တရာမြို့နယ် ၊ အိုင့်ဒိုင်းကျေးရွာမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် ဦးဉာဏ်ဝင်း ဆိုသူကို အကြမ်းသမား ၃၀ ကျော်က နေအိမ်ထဲဝင်ပြီး သတ်ဖြတ်သွားပါတယ်။

မတ္နရာမြို့နယ်မှာ သတင်းမှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကြောင့် လူ ၈၀ ထက်မနည်း သေဆုံးပြီး ၊ ၃၀ ကျော်ဟာ ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။