Trending Now

ဝိုင်းမော်မြို့နယ်၌ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲ ကျင်းပမည်

Spread the love

ဝိုင်းမော်မြို့နယ်၌ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲ ကျင်းပမည်

EPN
ဝိုင်းမော်၊ ဧပြီ ၃ (၂၀၂၄)

ဝိုင်းမော်မြို့နယ်၌ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာန မှ သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များသည် မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့) သက်ကြီးပူဇော်ပွဲ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းက မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့) တွင် ဝိုင်းမော်မြို့နယ်အတွင်း လူမျိုးဘာသာမရွေး အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဆမားခန်းမတွင် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး၊ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှစ၍ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအထိ ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ်မည်ဖြစ်ကာ ဧည့်ခံကျွေးမွေးရေးတို့အတွက် အလှူရှင်များက ပါဝင်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။