Trending Now

ဒေါ်အောင်ဆန်းစုကြည် သွားကိုက်တဲ့ ဝေဒနာကြောင့် အစာမစားနိုင်ဘူးလို့ ဆို

Spread the love

ဒေါ်အောင်ဆန်းစုကြည် သွားကိုက်တဲ့ ဝေဒနာကြောင့် အစာမစားနိုင်ဘူးလို့ ဆို

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၆

အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားကိုက်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အစာမစားနိုင်ဘူးလို့ အကျဉ်းထောင်သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြထားပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကိုအရေးပေါ် စောက်ရှောက်မှုပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ခွင့်မပြုခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အငယ်ဆုံးသား ကင်အဲရစ် က ပြောပါတယ်။

ဒါပေမယ့် န.စ.က ပြောရေးဆိုခွင့်ရှိသူကတော့ သူမဟာ စစ်ဘက်၊ အရပ်ဘက် ဆရာဝန်တွေ နှစ်ဖက်စလုံးနဲ့ ပုံမှန်ဆေးမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ပြောဆိုခဲ့ကြောင်း ဘီဘီစီက ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နာတာရှည် သွားဖုံးရောဂါ ခံစားနေရပြီး သွေးပေါင်ကျခြင်းကိုလည်း ခံစားနေရကြောင်း ကာလကြာရှည်စွာ သိကျွမ်းဖူးသူတွေက ပြောပါတယ်။

“ဖျားနာနေတဲ့ အကျဉ်းသားတစ်ဦးအတွက် အကြံပြုထားတဲ့ ဆေးကုသခွင့်ကို ငြင်းပယ်တာဟာ ရက်စက်ပါတယ်” လို့ ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ကင်အဲရစ်က ဘီဘီစီကို ပြောဆိုထားပါတယ်။

” အဲဒီလို နာကျင်ကိုက်ခဲတဲ့ သွားဖုံးရောဂါရှိသူတိုင်း သင့်တော်တဲ့ ကုသမှုကို ငြင်းပယ်ရင် သူတို့ရဲ့ ကျန်းမာရေး တစ်ခုလုံးကို အန္တရာယ်ရှိမှာ သေချာပါတယ်။” လို့လည်း သူက ပြောပါတယ်။

Ref; BBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။