Trending Now

ကြက်ငှက်တုပ်ကွေးရောဂါ သတိပေးချက် ထုတ်ပြန်ထား

Spread the love

ကြက်ငှက်တုပ်ကွေးရောဂါ သတိပေးချက် ထုတ်ပြန်ထား

EPN
မြစ်ကြီးနား၊ မတ် ၂

ကြက်၊ဘဲ၊ ငုံး၊ မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်စေဖို့အတွက် စနစ်တကျ ဇီဝလုံခြုံမှုမြင့်တင်ကြဖို့ မွေးမြူရေးနဲ့ ကုသရေးဌန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ ရာသီမရွေးကူးစက်နိုင်တဲ့အတွက် မွေးမြူရေးခြံတွေကို စနစ်တကျ ပိုးသတ်ဆေးဖြန်းဖို့၊ အခြားခြံတွေက ပစ္စည်းတွေကို ငှားယူအသုံးမပြုဖို့နဲ့ လေဝင်လေထွက်ကောင်မွန်အောင် လုပ်ဆောင်ကြဖို့ ဖော်ပြထားပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ လူကို မကူးစက်စေဖို့အတွက် မွေးမြူရေးခြံအတွင်းဝင်ရောက်ပါက နာခေါင်းစည်း တပ်ဆင်ကြဖို့၊ တိရိစ္ဆာန်တွေ ကိုင်တွယ်ပြီးပါက စနစ်တကျ ဆပ်ပြာနဲ့တစ်ကိုယ်ရေ သန့်ရှင်းမှုပြုလုပ်ကြဖို့နဲ့ အသားနဲ့ ဥတွေကို သေခြာစွာ ကျက်အောင် ချက်ပြုပ်ပြီးမှာသာ စားသုံးကြဖို့ အသိပေးထားပါတယ်။

မိမိတို့ခြုံအတွင်းက ကြက်၊ ငှက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့ နဲ့ မွေးမြူရေးနဲ့ ကုသရေးဌာနတို့ကို ချက်ခြင်းအကြောင်းကြားဖို့ အသိပေးဖော်ပြထားပါတယ်။

ရောဂါကြိုတင်ကာကွယ်ရေး နဲ့ ရောဂါရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာဌန၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။