Trending Now

သေဆုံးသူတွေရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းစားတဲ့ ကိုလိုရာဒို ပြည်နယ်က အသုဘ ဝန်ဆောင်မှု လုပ်ငန်းရှင် ထောင်နှစ် ၂၀ချမှတ်ခံရ

Spread the love

သေဆုံးသူတွေရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းစားတဲ့ ကိုလိုရာဒို ပြည်နယ်က အသုဘ ဝန်ဆောင်မှု လုပ်ငန်းရှင် ထောင်နှစ် ၂၀ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၆

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်က အသုဘဝန်ဆောင်မှု လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကို သေဆုံးသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ခိုးယူရောင်းစားမှုနဲ့ ထောင်နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ လုပ်ငန်းရှင် မီဂန်ဟဇ် ဟာ အလောင်းပေါင်း ၅၆၀ ကို သေဆုံးသူ ဆွေးမျိုးတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ခွဲစိတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောင်းချမိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

သူမရဲ့ အသက် ၆၉ နှစ်အရွယ် မိခင်ဖြစ်သူ ရှာလီကိုလည်း အလောင်းခွဲစိတ်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။

အမေရိကန်မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများရောင်းချမှု နဲ့ပတ်သက်ပြီး ၂၀၁၆ -၂၀၁၈ ခုနှစ်အတွင်း စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရိုက်တာသတင်းဌာနကြောင့် အခုလိုဖြစ်စဉ်တွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းရှင် မီဂန်ဟဇ် ဟာ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေထံကနေ မီးသဂြိုလ်ဖို့ အတွက် ဒေါ်လာ ၁၀၀၀ တစ်ထောင်အထိ ကောက်ခံခဲ့ပေမယ့် မိသားစုပေါင်း ၂၀၀ ကျော်ကို ပြန်လည်ပေးအပ်ခဲ့တဲ့ အရိုးပြာတွေဟာ မတူညီတဲ့အလောင်းတွေနဲ့ ရောစပ်ထားတဲ့ ပုံးထဲက ပြာတွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေဖြစ်တဲ့ တင်မ်နက်စ် က သူမရဲ့အပြုအမှုဟာ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ကြီးမားတဲ့ စိတ်ပိုင်ဆိုင်ရာ နာကျင်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
thethaiger
Ref; Former US funeral home director gets 20 years in slammer for selling dead body parts

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။